အိန္ဒိယပြည်နယ်တစ်ခုမှာ အပူလှိုင်းဒဏ်ကင်းပြီး မိုးရွာလာဖို့ ရှေးယခင်ဓလေ့ထုံးစံအတိုင်း ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့

12.6.23-yyi-၃.png

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အပူလှိုင်းဒဏ်ကြောင့် Dergaon မြို့ခံတွေဟာ မိုးနတ်မင်းကြီးစိတ်ကျေနပ်စေဖို့ ရှေးယခင်ကျင့်သုံးခဲ့တဲ့ ဓလေ့ထုံးစံဖြစ်တဲ့ ဖားလက်ထပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ အာသံပြည်နယ်မှာ မိုးရွာဖို့လိုအပ်နေပြီး မိုးမရွာတာကြောင့် လယ်သမားတွေ အတော်လေးဒုက္ခရောက်နေရပါတယ်။ အဲဒီက လူအများစုဟာ လယ်အလုပ် လုပ်ကိုင်နေကြရပြီး လယ်အလုပ်ကနေပဲ ဝင်ငွေရနေရတာပါ။

မိုးခေါ်ပြီး စိုက်ပျိုးရာသီကို အောင်မြင်စေဖို့ မျှော်လင့်ချက်နဲ့ ဖားတွေကို လက်ထပ်ပေးတာဖြစ်တယ်လို့ ဖားနှစ်ကောင်ကို လက်ထပ်ပေးတဲ့ ဘုန်းကြီးက ပြောပါတယ်။ ဒဏ္ဍာရီလာ ဟိန္ဒူယုံကြည်ချက်တစ်ခုအရ လယ်ဖားတွေကို ထုံးထမ်းအစဉ်အလာအတိုင်း လက်ထပ်ပေးရင် လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းစေနိုင်ပါတယ်။

၂၀၁၉ ခုနှစ်က အာသံပြည်နယ်ရဲ့ Sivasagar မြို့မှာလည်း ဖားနှစ်ကောင်ကို လက်ထပ်ပေးတာလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က အာသံပြည်နယ်ရဲ့ Jorhat ဒေသမှာ ကျင်းပခဲ့တဲ့ ဖားမင်္ဂလာပွဲကတော့ သတင်းခေါင်းကြီးပိုင်းမှာ ပါလာခဲ့တာပါ။

Ref: Locals Resort To Age-Old Tradition Of Frog Wedding To Get Respite From Heatwave In Assam

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top