ဦးနှောက်အကြောသေရောဂါသည်သမီးဖြစ်သူနဲ့အတူ Half Marathon ပြိုင်ပွဲဝင်ခဲ့တဲ့ ဖခင်

run.jpg

ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ Standard Chartered Singapore half marathon မှာ ပြိုင်ပွဲဝင်တစ်ဦးက အခြားသူတွေနဲ့ ကွဲထွက်နေခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲဝင်က ဦးနှောက်အကြောသေရောဂါသည်သမီးဖြစ်သူနဲ့အတူ ယှဉ်ပြိုင်ခဲ့လို့ပါပဲ။

ဝီရာ ရာဘူဆိုသူ အသက် ၅၀ အရွယ် အဲ့ဒီအမျိုးသားက အသက် ၁၇ နှစ်အရွယ် ဘီးတပ်ကုလားထိုင်နဲ့ သမီးဖြစ်သူ ဒီဟန်ကို တွန်းရင်းနဲ့ မာရသွန်ပြေးခဲ့တာပါ။ သမီးဖြစ်သူနဲ့အတူ ပန်းဝင်မျဉ်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဦးနှောက်အကြောသေရောဂါနဲ့ မွေးဖွားလာခဲ့တဲ့ သမီးဖြစ်သူ ဒီဟန်က သူ့ဘာသူ စားသောက်နိုင်စွမ်းမရှိသလို စကားလည်းပြောနိုင်စွမ်းမရှိတဲ့သူပါ။ ဒါပေမဲ့ သူက သူ့အဖေနဲ့အတူ ၂၁.၁ ကီလိုမီတာအပြေးပြိုင်ပွဲကို ပြီးမြောက်နိုင်ခဲ့ပါတယ်။ သူတို့သားအဖက ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာလည်း ၁၀ ကီလိုမီတာအမျိုးအစားမာရသွန်ပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

သမီးဖြစ်သူကို တွန်းပြီး မာရသွန်ပြေးရလို့ ပင်ပန်းပေမဲ့ အမောပြေအောင် သူ့ကို ခွန်အားတွေပေးစွမ်းခဲ့တာက သမီးဖြစ်သူရဲ့အပြုံးတွေပါပဲ။ ဒီဟန်က သူ့ရဲ့ Infinity Stones (Marvel ထဲက Infinity Stones ကို ရည်ညွှန်းပြောဆိုထား) လိုပါပဲလို့ တချို့က ပြောကြတယ်လို့ ဝီရာက ဆိုပါတယ်။

အခုနှစ်တစ်နှစ်တည်းမှာတင် သူတို့သားအဖနှစ်ဦး ပါဝင်ခဲ့တာ Half Marathon ၃ ပွဲရှိသွားပါပြီ။ မေလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံက the Hatyai Marathon နဲ့ အောက်တိုဘာ ၅ ရက်နေ့က the Kuala Lumpur Standard Chartered Marathon (KLSCM) မှာ ပါဝင်ခဲ့တာပါ။ စင်ကာပူက ပြိုင်ပွဲဟာ ဒီနှစ် နိုင်ငံ ၃ နိုင်ငံမှာ Half Marathon ပြိုင်ပွဲ ၃ ခုကို ပြီးမြောက်အောင် ယှဉ်ပြိုင်ဖို့ သူတို့သားအဖရဲ့ရည်မှန်းချက်နောက်ဆုံးအဆင့်ဖြစ်တယ်လို့ သိရပါတယ်။

ဝီရာက ဒီဟန် အသက် ၆ နှစ်မှာ စက်ဘီးစီးတာနဲ့ ပြေးတာတွေကို စလုပ်ခဲ့တာပါ။ ပြေးတာက သူတို့သားအဖရဲ့ပူပေါင်းပါဝင်မှုနဲ့ မျှော်လင့်ချက်ကို ပြသတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကန့်သတ်ချက်ထက်ကျော်လွန်တဲ့ ဖြစ်နိုင်ခြေကို မြင်တွေ့စေဖို့အတွက် အခြားသူတွေကို လှုံ့ဆော်ပေးဖို့ မျှော်လင့်ထားပါတယ်။

Ref: M’sian man, 50, completes S’pore half marathon with daughter, 17, with cerebral palsy

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top