အမေရိကန်အစိုးရက ပြည်ပလုပ်သား တွေအတွက် ဗီဇာထုတ်ပေးမှုကို နှစ်ကုန်အထိ ဆိုင်းငံ့

23-6-2020-yyl-002.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမြဲနေထိုင်ခွင့်ကတ် ထုတ်ပေးမှု ရပ်တန့်ထားတဲ့ ကာလကို နှစ်ကုန်အထိ တိုးမြှင့်ခဲ့သလို တခြားပြည်ပအလုပ်သမားတွေအတွက် ဗီဇာထုတ်ပေးမှုကိုလည်း နှစ်ကုန်အထိ ဆိုင်းငံ့ခဲ့ပါတယ်။ အဲဒီအတွက် အရည်အသွေးပြည့်ဝတဲ့ နည်းပညာအလုပ်သမားတွေ၊ စိုက်ပျိုးရေးလုပ်ငန်းမဟုတ်တဲ့ ရာသီပေါ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ ထိပ်တန်းအမှုဆောင်တွေ၊ အကူလုပ်သားတွေအပေါ် သက်ရောက်စေမှာပါ။

ဒီဆုံးဖြတ်ချက်ဟာ ကပ်ရောဂါကာလမှာ စီးပွားရေးထိခိုက်နေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ အိမ်ဖြူတော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို အသုံးချပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေကို တင်းကျပ်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ လူ ၅၂၅၀၀၀ အပေါ် သက်ရောက်စေလိမ့်မယ်လို့ အမေရိကန်အစိုးရအဖွဲ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top