LED မီး (၂၅၀,၀၀၀) နဲ့ ကြယ်စုတန်းအသွင် ပြင်ဆင်ဖန်တီးထားတဲ့ မက္ကဆီကိုက စားသောက်ဆိုင်

yyl-017-11.jpg

အခုခေတ်မှာ စီးပွားရေးအရ မိမိရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက် ဆိုင်အပြင်အဆင်ကလည်း အရေးပါလာပါတယ်။ တချို့လူတွေက ဆိုင်အပြင်အဆင်လှတဲ့၊ အရသာကောင်းတဲ့ဆိုင်တွေ၊ နေရာတွေက ဘယ်နေရာမှာ ရှိမလဲဆိုပြီး နားဆွံ့နေကြတာပါ။

လူမှုကွန်ယက်အသုံးတွင်ကျယ်လာတာကြောင့် အဲဒီလို အပြင်အဆင်လှတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်အကောင့်မှာ တင်ချင်တဲ့သူတွေများနေပါတယ်။ မိမိကြိုက်တဲ့ ဇာတ်ကားကောင်းတွေရုံတင်ရင် ခဏခဏ ရုပ်ရှင်ရုံသွားကြည့်သလိုပါပဲ ဆိုင်အပြင်အဆင်လှလို့ကတော့ အဲဒီနေရာကို လူတော်တော်များများလာကြမှာပါ။

မက္ကစီကိုနိုင်ငံက စားသောက်ဆိုင်တစ်ခုဆိုရင် အပန်းဖြေဥယျာဉ်လို့ထင်မှတ်ရလောက်အောင် ဆိုင်ကို အလှဆင်ထားတာပါ။ အဲဒီဆိုင်က လာရောက်စားသောက်တဲ့သူတွေ ဓာတ်ပုံရိုက်လို့ကောင်းအောင်ကို ဆိုင်အပြင်အဆင်ကို သေချာဖန်တီးထားပါတယ်။ ဆိုင်အပြင်အဆင်ကို LED မီးလုံးတွေကို အသုံးပြုပြီး ကြယ်စုတန်းပုံစံလို ဒီဇိုင်းထွင်ထားတာပါ။

ကြယ်စုတန်းပုံစံဖြစ်အောင် ဖန်တီးဖို့အတွက် LED မီး (၂၅၀,၀၀၀) ကို သုံးခဲ့ရပါတယ်။ အစားအသောက်တွေ စားရင်နဲ့ ကြယ်တွေကို ခံစားရသလို ဖြစ်စေတဲ့အပြင် ကြယ်တွေကို အနီးကပ်မြင်တွေ့နေရသလိုပါပဲ။LED မီးနဲ့ အပြည့်ဖြည့်ထားတဲ့ စတုရန်းမီတာ (၂၀၀) အကျယ်အဝန်းရှိတဲ့ ဒီစားသောက်ဆိုင်က လာရောက်အားပေးတဲ့သူတိုင်းကို ရုပ်ရှင်တွေထဲကအတိုင်း ကြယ်တွေတဖျတ်ဖျတ်လင်းလက်တာကို မြင်တွေ့ရမဲ့ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ မျက်နှာကြက်ကနေ စာအုပ်တွေ လွှင့်မျောနေသလိုပုံစံကိုလည်း အဲဒီစားသောက်ဆိုင်မှာ ဖန်တီးထားပါသေးတယ်။

Ref: There’s An Interstellar Themed Restaurant In Mexico That’s Lit Up By 250,000 Led Lights

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top