လေယာဉ်အင်ဂျင် လေဟပ်လို့ လူတစ်ဦး သေဆုံး

d3.png

ကာရေဘီယံဒေသက စင့်မာတင်(Sint Maarten)ကျွန်းနိုင်ငံမှာ အားပြင်းတဲ့ လေယာဉ်အင်ဂျင် လေဟပ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဟော်လန်ဘုရင်ရဲ့ အာဏာစက်သက်ရောက်တဲ့ စင့်မာတင်ကျွန်းနိုင်ငံမှာ သဲသောင်ပြင်ပေါ်ကနေ လေယာဉ်တွေ ခပ်နိမ့်နိမ့် ပျံသန်းသွားလေ့ရှိပြီး အဲဒီအတွေ့အကြုံကို ခံစားဖို့ ကမ္ဘာလှည့် ခရီးသည် တော်တော်များများ စင့်မာတင်ကျွန်းကို လာရောက်လေ့ရှိပါတယ်။

မာဟိုကမ်းခြေနဲ့ သိပ်မဝေးတဲ့ မင်းသမီးဂျူလီယာနာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေဆိပ်စည်းရိုးကို ဖက်တွယ်ထားတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးဟာ ဘိုးအင်း ၇၃၇ လေယာဉ် အင်ဂျင်လေဟပ်လို့ မြေပေါ်ကို နောက်ပြန်လဲကျသွားခဲ့ပါတယ်။

ဒီအမျိုးသမီးဟာ နောက်ပြန်လဲကျသွားချိန်မှာ နောက်စေ့နဲ့ ကွန်ကရစ်ဆောင့်မိခဲ့တဲ့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ မတော်တဆ ဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက်မှာ အန္တရာယ်များတဲ့ လေဟပ်မှုတွေ ဖြစ်နိုင်လို့ ခြံစည်းရိုးအနား မကပ်ကြဖို့ သတိပေးဆိုင်းဘုတ်တွေ ထင်ထင်ရှားရှား ချိတ်ဆွဲထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။


၂၀၁၂ ခုနှစ်က လေယာဉ်အင်ဂျင် လေဟပ်မှုဖြစ်ပွားခဲ့သည့်ဓာတ်ပုံ

Ref : BBC News : Sint Maarten jet engine blast kills New Zealand woman

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top