အချစ်ရေး ခေတ္တပြတ်စဲထားတဲ့ အချိန်အတွင်း ပျော်ရွှင်မှုကိုယ်စီ ရှိခဲ့ကြတဲ့ ဂျပ်စတင် (Justin) နဲ့ ဆယ်လီနာ (Selena)

selena.png

ဆယ်လီနာဂိုမက်ဇ် (Selena Gomez) ဟာ ဂျပ်စတင်ဘီဘာ (Justin Bieber) နဲ့ သူမရဲ့အချစ်ရေးကိုအချိန်ယူ စဉ်းစားနေတဲ့အတောအတွင်း သူမဟာ အယ်လ်အေ (LA) နဲ့ မိုင်ပေါင်း ၇,၄၀၀ ကျော်ကွာဝေးတဲ့ဩစတေးလျနိုင်ငံ (Austraila)၊ ဆန်ဒနီ(Sydney)မြို့လေး မှာအပန်းဖြေနေခဲ့တာ ဖြစ်ပါတယ်။ ပါပါရာဇီတွေရဲ့ပုံတွေမှာ ဆယ်လီနာ (Selena) နဲ့ သူမရဲ့သူငယ်ချင်းဆိုသူဂျွန်နီရေးစ် (Johnny Rays) တို့နှစ်ယောက်အပျော်စီးသဘောၤပေါ် အချင်းချင်းစနောက်ပျော်ရွှင်နေကြတဲ့ပုံရိပ်တွေ တွေ့ရတဲ့အပြင် တခြားပါပါရာဇီတွေရဲ့ဓာတ်ပုံတွေမှာတော့ရေးစ် (Rays) တစ်ယောက်ဆယ်လီနာ (Selena) ကိုပွေ့ဖက်ထားပါသေးတယ်။

ရေးစ် (Rays) ဟာဆယ်လီနာ (Selena) နဲ့ဂျပ်စတင် (Justin) တို့သွားနေကျဖြစ်တဲ့ ဆန်ဒနီမြို့ (Sydney) ရဲ့ဟေးလ်ဆောင်း (Hillsong) ဘုရားရှိခိုးကျောင်းအတွက် အလုပ်လုပ်နေတာဖြစ်ပြီး အဆိုပါဘုရားရှိခိုးကျောင်းရဲ့ တီးဝိုင်းအဖွဲ့တစ်ခုဖြစ်တဲ့ Young & Free band ရဲ့ brand manager တစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆယ်လီနာ (Selena) ဟာ ဂျပ်စတင် (Justin) တစ်ယောက် Baskin Champion အညိုစင်လေးနဲ့ concert တစ်ခုကိုသွားကြည့်ခဲ့တယ်လို့သိသွားတဲ့အခါမှာတော့ ဩစတေးလျကနေ ချက်ချင်းပဲပြန်လာခဲ့ပါတယ်။

Baskin ရဲ့ညီမဖြစ်သူ Abby Champion နဲ့ဂျပ်စတင် (Justin) ရဲ့သူငယ်ချင်း ပက်ထရစ်ရှဝါ့ဇ်နက်ဂါ (Patrick Schwarzenegger) တို့ဟာ လက်တလော ဒိတ်လုပ်နေကြတဲ့အတွက်လည်း သူ့တို့လေးယောက် အတူတကွ သွားလာနေကြတယ်ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး။

ဆယ်လီနာ (Selena) နဲ့ဂျပ်စတင် (Justin) တို့နှစ်ယောက်ကြားဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲ မသိသေးပေမယ့် ဂျယ်လီနာ (Jelena) ဖန်တွေအနေနဲ့တော့ ဒီနှစ်ဦးကြားဆက်ဆံရေးက မျှော်လင့်ချက်တေ ြရှိနေသေးတဲ့အတွက် အရမ်းကြီး စိုးရိမ်စရာတော့ ရှိမနေပါဘူး။

Po Mo Htoo Aung (ရိုးရာလေး)
Ref : Hollywoodlife

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top