လေ့လာမှတ်သား မြန်မာစကားပုံများ

7-8-2020-yyl-034.jpg

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့ စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တဲ့ ” ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက် စကားပုံက ကိုယ့်လှေကို ကိုယ်တိုင်ထိုးဝါးထိုးပြီး ခရီးသွားရာမှာ ပဲခူးကိုပဲရောက်ရောက်၊ ဘယ်နေရာကိုပဲရောက်ရောက်မမှုသလိုမျိုး မိမိလုပ်ချင်ရာကို ဖြစ်ချင်ရာဖြစ် တစ်ဇွတ်ထိုး ပြုလုပ်တတ် (“ငါ့လှေငါထိုး ပဲခူးရောက်ရောက်” လို့လည်းအသုံးရှိပါတယ်)” တာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။

ဥပမာအသုံး

“ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် လုပ်ချင်ကြတယ်။ သင်းတို့ အလိုလိုက်လို့ ကောင်းတာမဟုတ်ဘူး။”

မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။

Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top