မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်
ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ဆံ နဲ့ ဆန်” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။
“ဆံ”
“ဆံ” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ- ကြာဆံ၊ ဆံပင်၊ ပိုက်ဆံ၊ မီးခြစ်ဆံ စတဲ့ စကားလုံးတွေ ရေးသားတဲ့ အခါမျိုးတွေမှာ “ဆံ” ကို သုံးရပါတယ်။
“ဆန်”
“ဆန်” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ- ကျည်ဆန်၊ ဆန်ခတ်၊ မျက်ဆန်၊ မြေပဲဆန်၊ အဆန် (အစေ့) စတဲ့ စကားလုံးတွေ ရေးသားတဲ့ အခါမျိုးတွေမှာ “ဆန်” ကို သုံးရပါတယ်။
Team (ရိုးရာလေး)