တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာကို သတင်းယူဖို့လာတဲ့ သတင်းထောက်ကို ပွေ့ဖက်ခဲ့တဲ့ ခွေးလေးရဲ့ဗီဒီယို

3-7-2020-yyl-039.jpg

မြင်မြင်ချင်း သံယောဇဉ် ဖြစ်တတ်ကြတယ်ဆိုတာကို စာဖတ်ပရိသတ်တွေ ယုံကြည်ကြလား။ တကယ်တော့ မြင်မြင်ချင်း သံယောဇဉ်ဖြစ်သွားတဲ့ ဖြစ်ရပ်တစ်ခုရှိပါတယ်နော်။ ဒီဖြစ်ရပ်ကတော့ အမျိုးသားတစ်ယောက်နဲ့ ခွေးလေးတို့ကြားမှာ သံယောဇဉ်ဖြစ်သွားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့က တစ်ရက်တည်းနဲ့ အချင်းချင်းသံယောဇဉ်ဖြစ်ပြီး ခင်တွယ်မိသွားကြတာပါ။ ဒီဖြစ်ရပ်လေးက တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို သတင်းထောက် အမျိုးသားတစ်ဦးက သတင်းယူဖို့လာတဲ့အချိန် ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တာပါ။

သတင်းထောက်က တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ရောက်တဲ့အချိန်မှာ ခွေးလေးတစ်ကောင်က သူ့အနားကို ကပ်လာခဲ့ပါတယ်။ သတင်းထောက်မှာ ခွေးတွေကို ကျွေးဖို့အတွက် ဘာမှပါလာခဲ့တာမဟုတ်ဘဲနဲ့ ခွေးလေးက သူ့ကို ခင်တွယ်မိတာကြောင့် သူ့ရဲ့ချစ်ခြင်းမေတ္တာကို ပြချင်တဲ့အတွက် သူ့ကို ပွေ့ဖက်ခဲ့ပါတယ်။ ပထမတော့ သတင်းထောက်က ဘယ်လိုတွေးရမလဲ မသိခဲ့ပါဘူး။ သူတို့အချင်းချင်း အရင်က မတွေ့ဖူးကြပေမယ့် ခွေးလေးရဲ့ ပွေ့ဖက်မှုက အရမ်းကို ရင်ထဲနွေးသွားခဲ့တဲ့အတွက် သတင်းထောက်ကလည်း ပြန်ပွေ့ဖက်ပေးခဲ့ပါတယ်။ သူက ခွေးလေး ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာနွေးထွေးမှုနဲ့ တန်တဲ့ဆုလာဒ်ကို ပြန်ချီးမြှင့်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်ဆိုတာ လူတွေချင်းတင်မဟုတ်ပါဘူး။ တိရစ္ဆာန်တွေနဲ့လည်း အပြန်အလှန်လဲလှယ်လို့ရတဲ့ လက်ဆောင်ပါပဲ။ အနီးနားမှာရပ်နေကြတဲ့ သူတွေကလည်း သတင်းထောက်နဲ့ခွေးလေး ပွေ့ဖက်နေကြတာကို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ပေးခဲ့ကြပါတယ်။ သတင်းထောက်က ခွေးလေးရဲ့ ခေါင်းကို ဖွဖွလေးပုတ်ပေးနေတဲ့အတွက် ခွေးလေးက သူ့ရဲ့ခြေထောက်ကို တင်းနေအောင် ဖက်ထားခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းတင်နေတဲ့ လူတွေက ခွေးလေးရဲ့ မျက်နှာအမူအရာကို အနီးကပ်ရိုက်တဲ့အခါမှာ သတင်းထောက်ကို မလွှတ်တော့ဘူးဆိုတာကို မျက်လုံးမှာ သိသာနေပါတယ်။

သတင်းထောက်ကို ခွေးလေးက သံယောဇဉ် တွဲနေတယ်ဆိုတာကို ဘယ်သူမှငြင်းလို့ရမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ သတင်းထောက်က အခုလိုအခြေအနေမျိုးမှာ အဆင်ပြေသင့်တော်မယ့် တစ်ခုတည်းသောအရာကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ခွေးလေးကို သူနဲ့အတူ နေနိုင်ဖို့အတွက် မွေးစားလိုက်တာပါပဲ။

ခွေးလေးရဲ့ဗီဒီယိုကို ကြည့်ရန်

Ref: Boredpanda “Dog Hugs A Reporter Visiting A Shelter To Do A Story Until He, Allegedly, Decides To Adopt Her”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top