ရာဇဝတ်ဂိုဏ်းသားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားလို့ အိန္ဒိယရဲအရာရှိ ၈ ယောက် သေဆုံး

3-7-2020-yyl-043.jpg

အိန္ဒိယနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းသားတွေနဲ့ ရဲတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ရဲအရာရှိ ၈ ယောက် သေဆုံးခဲ့ပြီး ရဲအရာရှိ ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်၊ ကန်ပူရ်ခရိုင်မှာရှိတဲ့ ရွာတစ်ရွာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒေသခံ ရာဇဝတ်ဂိုဏ်းသားတစ်ယောက်ကို စီးနင်းရှာဖွေနေတုန်း ရဲအရာရှိတွေနဲ့ ရာဇဝတ်ဂိုဏ်းသားတွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဗီကက်စ်ဒူဘေးလို့ အမည်ရတဲ့ ရာဇဝတ်ဂိုဏ်းသားဟာ လူသတ်ဖို့ ကြိုးပမ်းမှုအပါအဝင် ကျူးလွန်ခဲ့တဲ့ပြစ်မှု ၆၀ ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

သူတို့သွားမယ့်လမ်းကို ကရိန်းကားတွေ ပိတ်ဆို့ထားလို့ ရဲတပ်ဖွဲ့ဝင်တွေက ကားထဲကနေ ထွက်လာချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ရာဇဝတ်ဂိုဏ်းသားတွေက ခေါင်မိုးတွေပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်လို့ ရဲတွေဘက်က ပိုအထိနာခဲ့တာပါ။ အဲဒီနောက်မှာ ရာဇဝတ်ဂိုဏ်းသားတွေ ထွက်ပြေးခဲ့ပေမဲ့ ရဲအရာရှိတွေက လိုက်လံဖမ်းဆီးချိန်မှာ အနည်းဆုံး ဂိုဏ်းသား ၂ ယောက်ကို အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိတွေထဲမှာ အနည်းဆုံးတစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ သေဆုံးခဲ့တဲ့ ရဲအရာရှိ ၈ ယောက်ထဲမှာ ရဲဝန်ထောက်တစ်ယောက်၊ ဒု-ရဲအုပ် ၃ ယောက်နဲ့ ရဲတပ်သား ၄ ယောက် ပါဝင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top