ရုပ်ရှင်အညွှန်း – Baywatch

dc-Cover-m7aje8j4peo1dbtiqeej7nphc4-20160704195448.Medi_.jpeg

ဒီတပတ်ပိတ်ရက်အတွက် ရိုးရာလေးက ညွှန်းပေးချင်တဲ့ ရုပ်ရှင်ဇာတ်လမ်းကတော့ Baywatch ဆိုတဲ့ ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။

ဒီကားထဲမှာ လက်ဝှေ့အကျော်အမော်ဖြစ်ခဲ့တဲ့ The Rock (Dwayne Johnson) နဲ့ High School Musical ရဲ့ မင်းသားချော Zac Efron၊ မင်းသမီး Alexandra Daddario  ဒါ့အပြင် Quantico ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် ဘောလိဝုဒ်မင်းသမီးချော Priyanka Chopra တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Mitch Buchannon (Dwayne Johnson) နဲ့ အဖွဲ့သားတွေက ဖလော်ရီဒါက ကမ်းခြေကို လာရောက်တဲ့ လူတွေကို အသက်ကယ်စောင့်ရှောက်ပေးတဲ့ Lifeguard လုပ်ငန်းကို လုပ်ကြပါတယ်။ သူတို့ရဲ့ အဖွဲ့ကို လာဆက်သွယ်တဲ့သူကတော့ ရေကူးချန်ပီယံဟောင်း Mat Brody (Zac Efron)ပါ။ တစ်နေ့မှာတော့ မမျှော်လင့်ထားတဲ့ အရာတွေ ကမ်းခြေမှာ ဖြစ်လာပါတယ်။

လူသေလောင်းတွေက တစ်ဆင့် မူးယစ်ဆေးဝါးရောင်းတဲ့ လူဆိုးဂိုဏ်းရဲ့ လုပ်ရပ်တွေကို အသက်ကယ်အဖွဲ့က တွေ့ရှိသွားတာပါ။ ဒါတွေကိုဆက်စပ်မိပြီး ဘယ်လို စွန့်စားဖော်ထုတ်ကြလဲဆိုတာကိုတော့ ဒီရုပ်ရှင်ထဲမှာ တွေ့မြင်ရမှာပါ။

ဒီဇာတ်ကားဟာ ရုပ်ရှင်ဇာတ်လမ်းတွဲကို ပြန်လည်ဆန်းသစ် ရိုက်ကူးထားတာဖြစ်ပြီး ကမ်းခြေကို ဇာတ်အိမ်တည်ထားအတွက် ဘီကီနီဝတ် လှပျိုဖြူသရုပ်ဆောင်အမျိုးသမီးတွေရဲ့ ကောက်ကြောင်း အလှအပကိုလည်း မြင်တွေ့နိုင်မှာလည်းဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ နမူနာကို ဒီလင်ခ့်မှာ ကြည့်ရှုနိုင်ပါတယ်>> https://www.youtube.com/watch?v=eyKOgnaf0BU

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top