​ကျောင်​းသူ​ကျောင်​းသား​များ ပါဝင်ဆင်နွှဲန်ိုင်ရန် ရည်ရွယ်ကျင်းပသည့် Ovaltine ပန်​းချီပြိုင်​ပွဲ

Competition.jpg

 မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းပေါင်း ၁,၉၇၈ ကျောင်းခန့်မှ ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၀၀,၀၀၀ ကျော်ခန့် တက်ကြွစွာပါဝင်ဆင်နွှဲမည်ဟု ခန့်မှန်းထားသည့် “အိုဗာတင်းဖြင့် အောင်မြင်လှပသော သင့်အနာဂတ်ကို ယနေ့ပုံဖော်လိုက်ပါ” ပန်းချီပြိုင်ပွဲကြီး ကို မကြာမီကျင်းပသွားမည် ဖြစ်ပါသည်။

Ovaltine က ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူကျင်းပပြုလုပ်သော ဤပန်းချီပြိုင်ပွဲကြီးကို ပညာရေးဝန်ကြီးဌာန၏ ထောက်ခံအားပေးမှုဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်သောကြောင့် နိုင်ငံအတွင်း ကျင်းပခဲ့သော ပန်းချီပြိုင်ပွဲများထဲတွင် အကြီးမားဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်ပါသည်။  ပြိုင်ပွဲစတင်ဖွင့်လှစ်ကြောင်း ကြေညာသည့် အခမ်းအနားကို ယနေ့နေ့လည်အချိန်တွင်က Myanmar Plaza တွင် ကျင်းပသွားခဲ့ပါသည်။

 ကျောင်းသူ၊ ကျောင်းသားများ မိမိတို့၏ အနာဂတ်အောင်မြင်မှုများ၊ ဘဝရည်မှန်းချက်များကို ပိုမိုထင်ရှားစွာစိတ်ကူးပုံဖော်စေရန် ရည်ရွယ်၍ Ovaltine က ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အဓိပ္ပါယ်ပြည့်ဝသော မိမိတို့၏တောက်ပသော အနာဂတ်ရည်မှန်းချက်များကိုပေါ်လွင်စေသော ပန်းချီလက်ရာများကို စိတ်ကူးစိတ်သန်းကောင်းစွာဖြင့် ရေးဆွဲဖန်တီးကာ ပြိုင်ပွဲဝင်ရမည်ဖြစ်သည်။ ပြိုင်ပွဲကာလမှာ ဇွန်လ ၁ ရက် မှ ဇူလိုင်လ ၃၁ ရက်အထိ နှစ်လတာ ကြာမြင့်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသူကျောင်းသားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာကျောင်းများမှတဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို ပညာသင်နှစ်အလိုက် အုပ်စု သုံးခု ခွဲခြားထားပြီး အုပ်စုတစ်ခုချင်းစီမှ အနိုင်ရရှိသူများအတွက် Ovaltine က ပညာသင်ထောက်ပံကြေးများ ချီးမြှင့်ဂုဏ်ပြုပေးသွားမည်ဖြစ်သည်။

 အတန်းအလိုက် ပြိုင်ပွဲဝင်အုပ်စု သုံးခု ခွဲထားပြီး အုပ်စုတစ်ခုချင်းစီမှ အနိုင်ရရှိသူများကို ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အုပ်စု သုံးခုမှာ –

–       သူငယ်တန်းမှ ၂ တန်းထိ၊

–       ၃ တန်းမှ ၅တန်းထိ နှင့်

–       ၆ တန်းမှ ၉ တန်းထိ တို့ဖြစ်သည်။

 

ပြိုင်ပွဲဝင်အုပ်စုအလိုက် အနိုင်ရရှိသူ သုံးဦးစီကို –

–       အကောင်းဆုံးဆု အတွက် ၁၀ သိန်း ကျပ်

–       ပထမဆု အတွက် ၅ သိန်း ကျပ်

–       ဒုတိယဆု အတွက် ၁ သိန်း ကျပ်စီ ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာကျောင်းများမှ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ရယူရပါမည်။ ပန်းချီပုံအတွက် ရေဆေး၊ ပုံဆွဲဖယောင်းတံ၊ ရောင်စုံခဲတံ စသည့် မည်သည့် ပုံဆွဲပစ္စည်းအမျိုးအစားနှင့်မဆို မိမိတို့၏ အနာဂတ်အောင်မြင်မှုများကို သရုပ်ဖော်ရေးဆွဲ ပြိုင်ပွဲဝင်နိုင်ပြီး ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာတွင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပေးရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ပန်းချီပုံများကို မိမိတို့၏ ကျောင်းရှိ သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံ သို့မဟုတ် အောက်တွင်ပါရှိသော ပြိုင်ပွဲကျင်းပရေးကော်မတီလိပ်စာအတိုင်း အပ်နှံရမည်ဖြစ်ပြီး ပြိုင်ပွဲကာလပြီးဆုံးချိန်ဖြစ်သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့နောက်ပိုင်းတွင် Ovaltine က ပြိုင်ပွဲဝင်ပန်းချီပုံအားလုံးကို အကဲဖြတ်၍ အနိုင်ရရှိသူများကို ဩဂုတ်လကုန်တွင် ကြေညာပေးမည်ဖြစ်သည်။ ပန်းချီပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့တွင် ဝါရင့် ပန်းချီဆရာများနှင့် ကာတွန်းဆရာများမှ ပါဝင်အကဲဖြတ်ပေးသွားမည်ဖြစ်သည်။

 ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာများ၊ ပြိုင်ပွဲဝင်ပန်းချီပုံများကို ပေးပို့ရန်နှင့် အသေးစိတ် စုံစမ်းနိုင်ရန်အတွက် ဆက်သွယ်နိုင်မည့် ပြိုင်ပွဲကျင်းပရေးကော်မတီလိပ်စာမှာ ​အောက်​ပါအတိုင်​း ဖြစ်​သည်​။

–       အမှတ် ၁၇၄၊ ၁၇၆၊ လမ်း ၅၀ (အပေါ်ဘလောက်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

–       ဖုန်းနံပါတ် – 09 427 800 813, 814, 815

 
ပြိုင်​ပွဲနှင်​့ ပတ်​သက်​သည်​့ ​နောက်​ဆုံးရသတင်​းအချက်​အလက်​များ၊ Ovaltine Myanmar ၏ အခြားလုပ်​​ဆောင်​မှုများနှင်​့ ကုန်​ပစ္စည်​းများအ​ကြောင်​းကို  www.facebook.com/OvaltineMM တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top