Lion King ဇာတ်ဝင်ခန်းကလို ခြင်္သေ့ပေါက်လေးကို အာဖရိကမျောက်ကြီးက သယ်ဆောင်လာတဲ့ မြင်ကွင်း

yyl-027-1.jpg

တောင်အာဖရိကမှာ Safari Tour လုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့က အာဖရိကမျောက်တစ်ကောင်ဟာ ခြင်္သေ့ပေါက်လေးကို သယ်ဆောင်လာပြီး သစ်ပင်ပေါ် တက်နေတာကို မြင်တွေ့ခဲ့ပြီး ထိတ်လန့်သွားခဲ့ရပါတယ်။ အဲဒီမြင်ကွင်းက ‘The Lion King” ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို ပြန်ပြီးအမှတ်ရစေပါတယ်။ အခု အဲဒီအာဖရိကမျောက်ကြီးက သစ်ပင်ပေါ်မတက်ခင်မှာ ခြင်္သေ့ပေါက်လေးကို သူ့လက်နဲ့ လေပေါ်မြှောက်ပြီး ကိုင်လာခဲ့တာပါ။

Kruger National Park က လမ်းညွန်ဖြစ်တဲ့ Kurt Schultz ဟာ Disney ကားထဲကလို မပျော်နိုင်ပါဘူး။ ခြင်္သေ့ပေါက်လေးကို လွှတ်ချလိုက်မှာ၊ သတ်ပစ်လိုက်မှာကို သူကြောက်ရွံမိခဲ့ပါတယ်။ သူတို့အဖွဲ့ကြည့်နေတုန်းမှာတော့ ခြင်္သေ့ပေါက်လေးက ပြုတ်မကျခဲ့သလို သတ်ပစ်ခံရတာလည်းမရှိပါဘူး။ “ဒါက ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုပါပဲ။ ခြင်္သေ့ပေါက်လေး ပြုတ်ကျမှာစိုးရိမ်မိပါတယ်။ ဒီလောက်အမြင့်ကြီးဆို အသက်ရှင်နိုင်မှာမဟုတ်ဘူး။ အာဖရိကမျောက်က မျောက်ပေါက်စလေးလို ခြင်္သေ့ပေါက်လေးကို ပြုစုစောင့်ရှောက်နေတာပါ။ အချိန်အကြာကြီး ခြင်္သေ့ပေါက်လေးကို သယ်ဆောင်ပြီး သစ်ကိုင်းတစ်ခုကနေ တစ်ခုကို ပြောင်းရွေ့ပါတယ်။ မျောက်ထီးတွေက အတော်လေးကို ပြုစုစောင့်ရှောက်တတ်ပါတယ်။ မျောက်မတွေ သူတို့ရဲ့ကလေးကို ပြုစုသလိုမျိုးပြုစုတာပါ”

“ကျွန်တော် လမ်းညွှန်လုပ်တဲ့ အနှစ် (၂၀) အတွင်း ကျားသစ်ပေါက်စလေးကို မျောက်တွေက သတ်ပစ်တာကို မြင်ဖူးသလို ခြင်္သေ့ပေါက်လေးတွေကို သတ်ပစ်တာလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ ခြင်္သေ့ပေါက်လေးကို အခုလိုမျိုး ဂရုစိုက်တဲ့ပုံစံမျိုးမမြင်ဖူးခဲ့ဘူး” လို့ Kurt က ပြောပါတယ်။ ဒီလိုရှားပါးတဲ့မြင်ကွင်းက The Lion King ဇာတ်ကားထဲမှာ ရာဖီကာဟာ ဆင်ဘာကို လေထဲမြှောက်ပြီးကိုင်ထားသလို ဇာတ်ဝင်ခန်းနဲ့တူပေမယ့် တကယ့်လက်တွေ့မှာ အာဖရိကမျောက်တွေနဲ့ခြင်္သေ့တွေက ထင်သလောက် ဆက်ဆံရေးမကောင်းကြပါဘူး။ ဒါကြောင့် Kurt က ခြင်္သေ့ပေါက်လေးဟာ အာဖရိကမျောက်ရဲ့ခေါ်ဆောင်သွားခြင်းကနေ လွတ်မြောက်နိုင်မယ်မထင်ဘူးလို့ ယူဆထားပါတယ်။

“ဒါက ကျွန်တော့ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးမြင်ကွင်းထဲကတစ်ခုအဖြစ် ထင်ကျန်နေမှာပါ။ ဒီသနားစရာခြင်္သေ့ပေါက်လေး အသက်ရှင်နိုင်မယ့်အခွင့်အရေးမရှိလောက်ပါဘူး။ အာဖရိကမျောက်အုပ်စုက ကြီးမားပြီး ခြင်္သေ့တစ်ကောင်က ခြင်္သေ့ပေါက်လေးကို ပြန်ရနိုင်မှာမဟုတ်ပါဘူး။ သဘာဝတရားကြီးက ရက်စက်တတ်တယ်။ ငယ်ရွယ်တဲ့သားပေါက်လေးတွေ အသက်ရှင်ရတာ မလွယ်ကူပါဘူး” လို့ Kurt က ပြောခဲ့ပါတယ်။ Kurt ပြောပုံအရဆိုရင်တော့ သားပေါက်လေးတွေဟာ အာဖရိကမျောက်တွေရဲ့ရန်ကို ကြောက်နေရတဲ့ပုံပါပဲ။

Ref: Baboon Recreates Famous Lion King Scene As It Carries Cub

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top