အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်တဲ့အလုပ်နဲ့ တစ်နှစ်ကို ဒေါ်လာ ၁.၃ သန်းဝင်နေတဲ့သူ

20.6.2023-yyl-12.jpg

ဘရာဇီးလူမျိုးအမျိုးသားတစ်ဦးဟာ အမေရိကန်နိုင်ငံ၊ ဆန်ဒီရေဂိုမြို့မှာ အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်ပေးတဲ့လုပ်ငန်းကို လုပ်ကိုင်နေတာပါ။ ဂါဘရီရယ် ဖိုင်တိုဆာဆိုတဲ့ အဲဒီအမျိုးသားက သာမန်အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်ပေးတဲ့သူမဟုတ်ပါဘူး။ သူက အိမ်မွေးခွေးတွေကို သစ်ကုလားအုတ်၊ ခြင်္သေ့၊ အာဖရိကတောလိုက်ကျားသစ်၊ ပိုကီမွန်ပုံစံဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

ဒီအလုပ်က သူ့အတွက် အိပ်မက်ဖြစ်တယ်။ အမေရိကန်ကို ကတ်ကြေး ၂ လတ်နဲ့ လာခဲ့တယ်။ အခုဆို သူဟာ ဒီအသက်မွေးဝမ်းကျောင်းအလုပ်က ဖြစ်နိုင်တယ်ဆိုတာ ကမ္ဘာကြီးကို ပြနိုင်ပါပြီ။ ခွေးမွှေးသန့်ရှင်းပြင်ဆင်ခြင်းလုပ်ငန်းမှာ သူ့ကို စတားဖြစ်အောင်လုပ်ပေးတဲ့အရာဖြစ်တဲ့အပြင် ငွေအများကြီးလည်းရှာနိုင်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီလုပ်ငန်းဟာ သူ့ကို ဒေါ်လာ ၁.၃ သန်းဝင် စေခဲ့တယ်။ ခွေးမွှေးသန့်ရှင်းပြင်ဆင်တာရဲ့ဈေးနှုန်းက ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၁၂၀၀ ဖြစ်ပြီး ပြင်ဆင်ပြီးဖို့က ၃ နာရီကနေ ၅ နာရီအချိန်ယူရပါတယ်။ ဒီအချိန်အတွင်း ခွေးလေးတွေကို အစာကျွေးပေးပြီး များများအနားယူစေပါတယ်။

အိမ်မွေးတိရစ္ဆာန်သန့်ရှင်းပြင်ဆင်တဲ့သူတွေက ခွေးတွေကို အခြားတိရစ္ဆာန်တွေနဲ့ တူစေဖို့ အပင်အခြေခံဆိုးဆေးတွေကို အသုံးပြုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဂါဘရီရယ်က ဒီလုပ်ငန်းနဲ့ TikTok မှာ ဖော်လိုဝါ ၂ သန်းနဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါ ၄ သိန်းရှိလာခဲ့ပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ စပွန်ဆာတွေဆီကနေ ဒေါ်လာ ၁၂၅၀၀၀ ရရှိခဲ့ပါတယ်။

Ref: Man Claims To Have Earned More Than Rs 10 Cr In A Year By Grooming Dogs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top