Miss International Hong Kong 2023 အတွက် အမျိုးသားဝတ်စုံက Anime ဇာတ်ကောင်နဲ့ ဆင်တူနေ

13.10.23-yyl-9.jpg

ကမ္ဘာတစ်ဝှမ်းမှာ အလှမယ်ပြိုင်ပွဲတွေ လုပ်နေတဲ့အထဲမှာ Miss International 2023 ပြိုင်ပွဲလည်း ကျင်းပနေပါတယ်။ အလှမယ်ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြု အမျိုးသားဝတ်စုံတွေက ဘယ်လိုပုံစံမျိုးတွေဖြစ်မလဲဆိုတာ အလေးထားစောင့်ကြည့်ဖြစ်ကြပါတယ်။ အခုဆို ဟောင်ကောင်အလှမယ်ရဲ့အမျိုးသားဝတ်စုံက လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခံနေရပါတယ်။

Miss International Hong Kong 2023 Verna Leung ရဲ့အမျိုးသားဝတ်စုံကိုတော့ အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြခဲ့တာပါ။ ဒီဝတ်စုံကို Hong Hong Design Institute က ဘွဲ့ကြို ၇ ဦးရဲ့လက်ရာတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီဝတ်စုံက ရုပ်ပုံဇာတ်ကောင်ဆန်လွန်းတယ်၊ Holloween တစ္ဆေသတို့သမီးအသွင်ဆောင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

Anime ပရိသတ်တွေကတော့ ဟောင်ကောင်အလှမယ်ရဲ့အမျိုးသားဝတ်စုံက ဂျပန် Anime “Demon Slayer” ထဲက ဇာတ်ကောင် Kyogai နဲ့ ဆင်နေတယ်လို့ ဆိုကြပါတယ်။ Miss International Hong Kong ဖေ့စ်ဘုတ်ခ်ပေ့ချ်ကတော့ “ပန်းအိုးပုံသဏ္ဍာန်ဝတ်စုံက တရုတ်ရိုးရာအစိတ်အပိုင်းတွေကိုသာမက နီယွန်သင်္ကေတတွေ၊ ညရှုခင်းတွေ၊ တရုတ်ရိုးရာစာလုံးတွေကိုလည်း ပြသထားတာပါ”လို့ ဆိုထားပါတယ်။

Miss International 2023 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအလှမယ် အိအိမြင့်အောင်သိန်းက ဝင်ရောက်ယှဉ်ပြိုင်နေပြီး အမျိုးသားဝတ်စုံကိုတော့ မသိရသေးပါဘူး။ Miss International 2023 ဖိုင်နယ်ပွဲကြီးကို အောက်တိုဘာ ၂၆ ရက်နေ့၊ ဂျပန်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

Ref: National Costume For Miss International Hong Kong 2023 Likened To Anime Character

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top