တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ်ကြည့်ခွင့်ရခဲ့တဲ့ ရှားပါးမျိုးရိုးဗီဇရောဂါနဲ့ ကောင်မလေး

15.5.2023-yyl-11.jpg

နိုရာ ဂိုဒန်အမည်ရတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ သူ နှစ်သက်တဲ့အဆိုတော် တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကို သူ့မိဘတွေကြောင့် ကြည့်ခွင့်ရခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ် နိုရာဟာ နောက်က်(စ်)ဗီးလ်မြို့ကဖြစ်ပြီး Spinal Muscular Astrophy (SMA) ဆိုတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါကို ခံစားနေရတာပါ။ Spinal Muscular Atrophy ရောဂါဆိုတာက ကျောရိုးမော်တာအာရုံကြောတွေကို ထိခိုက်ပြီး တွားသွားတာ၊ လမ်းလျှောက်တာ၊ ဦးခေါင်းနဲ့လည်ပင်းထိန်းချုပ်တာနဲ့ မျိုချတာတွေအတွက် အသုံးပြုတဲ့ ကြွက်သားတွေကို အားနည်းစေတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါပါ။

တေလာဆွစ်ဖ်ရဲ့ Eras Tour က သူ ကြည့်ခွင့်ရတဲ့ ပထမဆုံးဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။ နိုရာက SMA ရောဂါရှိတဲ့အတွက် ဝှီးချဲအသုံးပြုရတဲ့အပြင် အသက်ရှုစက်လည်းလိုအပ်ပါတယ်။ ပြီးခဲ့တဲ့လက နိုရာရဲ့မိဘတွေဟာ သူ့ရဲ့ ၁၄ နှစ်ပြည့်မွေးနေ့မှာ တေလာဆွစ်ဖ်ရဲ့ မေလ ၆ ရက်နေ့ဖျော်ဖြေပွဲလက်မှတ်တွေနဲ့ သူ့ကို အံ့အားသင့်အောင်လုပ်ပေးခဲ့တာပါ။ ဖျော်ဖြေပွဲသွားကြည့်ရတော့မှာမို့ ဖြစ်သွားတဲ့ အခိုက်အတန့်လေးကိုလည်း သူ့မိဘတွေက ဗီဒီယိုရိုက်ထားခဲ့ပါတယ်။ နိုရာက တေလာဆွစ်ဖ်တီရှပ်နဲ့ CD ကိုလည်း မွေးနေ့လက်ဆောင်အဖြစ် ရခဲ့ပါတယ်။

သူ့မိဘတွေက ဖျော်ဖြေပွဲလက်မှတ်တွေကို အွန်လိုင်းကနေ ခက်ခက်ခဲခဲရယူခဲ့ရတာပါ။ စင်ရဲ့ဘေးဘက်ကနေ ကြည့်ရှုလို့ရနိုင်တဲ့ ထိုင်ခုံတွေကို သူ့မိဘတွေဝယ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုရာ သေသေချာချာကြည့်လို့ရအောင် အခြားနေရာကို ဖျော်ဖြေပွဲကျင်းပမယ့် Nissan Stadium က ပြောင်းပေးခဲ့ပါတယ်။

SMA ရောဂါရှိတဲ့ နိုရာအတွက် ဖျော်ဖြေပွဲသွားကြည့်ရတာက ခက်ခဲပါတယ်။ အခြားသူတွေနဲ့လည်း ထိတွေ့တာတွေမလုပ်ဖို့လည်း အကြံပြုထားတာပါ။ ဒါပေမဲ့ နိုရာရဲ့အမေက သူ့ကို သာမန်ဆယ်ကျော်သက်ကလေးဖြစ်ရတဲ့အတွေ့အကြုံမျိုး ပေးချင်ခဲ့တာကြောင့် ဖျော်ဖြေပွဲကို ခေါ်လာပေးခဲ့တာပါ။

Ref: 14-Year-Old Girl with Rare Genetic Disorder Gets to Attend Her First-Ever Concert, Taylor Swift’s ‘Eras Tour’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top