အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ပုံတူကို ဆွဲခဲ့တဲ့ ပန်းချီပညာရှင်ကိုယ်တိုင် ဆွဲထားတဲ့ ချားလ်စ်ဘုရင်ရဲ့ဆီဆေးပုံတူပန်းချီ

30.3.2023-yyl-iamge-11.jpg

ချားလ်စ်ဘုရင်ရဲ့ပထမဆုံးတရားဝင်ပုံတူပန်းချီကို လန်ဒန်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီဆီဆေးပန်းချီကို အသက် ၃၅ နှစ်အရွယ် ဗြိတိန်ပန်းချီပညာရှင် အဲလက်တာ ဘာဖို့ဒ်က ဖန်တီးခဲ့တာပါ။ ပုံတူပန်းချီမှာ ချားလ်ဘုရင်က အပြာရောင်အစင်းဝတ်စုံ၊ ရှပ်အင်္ကျီအဖြူ၊ ပန်းရောင်နက်ကတိုင်တွေကို ဝတ်ဆင်ထားပါတယ်။

ပုံတူပန်းချီအတွက် သူ့ရှေ့မှာ ချားလ်ဘုရင် ထိုင်ပေးခဲ့တာမဟုတ်တဲ့အတွက် ဘာဖို့ဒ်ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဘက်ကင်ဟမ်နန်းတော်မှာ ကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ ချားလ်ဘုရင်ကို သွားကြည့်ခဲ့ရပါတယ်။ Queen Elizabeth Scholarship Trust က ထောက်ပံ့မှုနဲ့ ပညာသင်ယူခဲ့တဲ့ ဘာဖို့ဒ်က ပုံတူပန်းချီကို ရေးဆွဲဖို့ အချိန် နှစ်ပတ်ယူခဲ့ရပါတယ်။ သူဟာ ပွဲအတွင်း သူ ရိုက်ခဲ့တဲ့ ဘုရင်ကြီးရဲ့ဓာတ်ပုံတွေနဲ့ ဆွဲယူခဲ့တဲ့ ပုံကြမ်းတွေကို ကြည့်ပြီး ပုံတူပန်းချီကို ဖန်တီးခဲ့ရတာပါ။

ပွဲမှာ ချားလ်ဘုရင်ကို Amazon ဌာနေတိုင်းရင်းသားခေါင်းဆောင် ဒိုမင်ဂို ပီရက်စ် လက်ဆောင်ပေးခဲ့တဲ့ လက်ပတ်ကိုလည်း ပုံတူပန်းချီမှာ ထည့်ဆွဲပေးထားပါတယ်။ ချားလ်ဘုရင်ရဲ့ပုံတူကို The Illustrated မဂ္ဂဇင်းရဲ့ Coronation edition မှာ မျက်နှာဖုံးကာဗာအဖြစ် ထည့်ဖို့ ဆွဲခဲ့တာပါ။ ပုံတူပန်းချီဆွဲဖို့ တာဝန်ပေးခံရတာက တုန်လှုပ်ဖွယ်ကောင်းတဲ့ဂုဏ်ပြုမှုဖြစ်တယ်လို့ ဘာဖို့ဒ်က ဆိုပါတယ်။ “လူတော်တော်များများအတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ လူတစ်ယောက်ရဲ့ပုံတူကို ဖန်တီးရတာ အရမ်းတာဝန်ကြီးပါတယ်။ ကျွန်တော် မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်။ ဘက်ကင်ဟမ်နန်းတော်မှာ ဘုရင်ကြီးနား ကျွန်တော် ရပ်နေရတဲ့အထိ လုံးဝမယုံကြည်နိုင်သေးဘူး”လို့ သူက ဆိုပါတယ်။

ဘာဖို့ဒ်အတွက် တော်ဝင်မျိုးနွယ်ပုံတူကို ဖန်တီးပေးဖြစ်တာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်ကလည်း ဘာ့ဖိုဒ်ဟာ အဲလစ်ဇဘက်ဘုရင်မကြီး နန်းသက်အရှည်ဆုံးဗြိတိန်ဘုရင်မကြီးဖြစ်လာတဲ့အထိမ်းအမှတ်အဖြစ် ဘုရင်မကြီးရဲ့ပုံတူပန်းချီဆွဲပေးဖို့ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

Ref: King Charles Stars in First Portrait of Royal Reign — by Artist Who Painted Queen Elizabeth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top