ခန္ဓာကိုယ်ရဲ့မဲညစ်နေတဲ့နေရာတွေကို ဖြူသွားစေမယ့် သဘာဝနည်းလမ်းတွေ

19-11-2020-yyl-037.jpg

မိန်းကလေးအများစုရင်ဆိုင်နေရတဲ့ အလှအပပြဿနာတွေထဲကတစ်ခုကတော့ ခန္ဓာကိုယ်ရဲ့အဓိကနေရာတွေမဲညစ်နေတာပါ။ ချိုင်း၊ ဒူးခေါင်း၊ ပေါင်ကြားလို နေရာတွေမှာ ဂရုမစိုက်ရင် မဲညစ်လာတတ်ကြပါတယ်။ အဝတ်အစားကျပ်ကျပ်တွေဝတ်တဲ့အခါ၊ ချွေးထွက်တဲ့အခါ၊ ဟောမုန်းအပြောင်းအလဲတဲ့အခါမျိုးတွေမှာ အရေပြားမဲညစ်လာတတ်ပါတယ်။ တကယ်လို့ ပေါင်ကြားမဲညစ်တာကြောင့် စိတ်ညစ်နေတယ်ဆိုရင် စိတ်ပူစရာမလိုပါဘူးနော်။ ဒီအရေပြားပြဿနာကို ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်းရှိပါတယ်။ မဲညစ်နေတဲ့ အသားရေကို ဖြူလာစေဖို့ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ သဘာဝအတိုင်း ကုသပေးလို့ရပါတယ်။

ဒိန်ချဉ်

သကြား၊ ထန်းလျက်ထည့်မထားတဲ့ ဒိန်ချဉ်ရိုးရိုးကလည်း အသားရေမဲညစ်နေတာကို လျော့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ အနီစက်တွေကိုလည်း သက်သာသွားစေနိုင်ပါတယ်။ မဲညစ်နေတဲ့အသားရေပေါ်မှာ ဒိန်ချဉ်ကို (၁၀-၁၅) မိနစ်လောက် လိမ်းထားပြီး အဲဒီနောက် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးလိုက်ပါတယ်။

ကုလားပဲမှုန့်

ကုလားပဲမှုန့်နဲ့ ရေကို ရောနှောပြီး ပျစ်သွားတဲ့အထိ မွှေလိုက်ပါ။ ဒီအရောအနှောကို မဲညစ်နေတဲ့နေရာမှာ လိမ်းလိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။ အကောင်းဆုံးရလဒ်ရဖို့အတွက် ဒီနည်းအတိုင်း တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့အဓိကနေရာတွေမှာ မဲညစ်နေရင် လျော့ပါးသွားစေနိုင်ပါတယ်။

ရှားစောင်းလက်ပက်ဂျယ်လ်

ရှားစောင်းလက်ပက်က မဲညစ်တဲ့အသားရေကို ဖြူဝင်လာစေတဲ့၊ ကော်လာဂျင်ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေ ကြွယ်ဝပါတယ်။ သင် လုပ်ဖို့လိုတာကတော့ မဲညစ်နေတဲ့နေရာမှာ ရှားစောင်းလက်ပက်ဂျယ်လ်ကို မိနစ် (၂၀-၃၀) လောက် လိမ်းပေးထားရုံပါပဲ။ ပြီးရင် သန့်စင်ဆေးကြောလိုက်ရမှာပါ။ တစ်ကြိမ်တည်းလုပ်ရုံနဲ့တော့ မဲတဲ့နေရာက ချက်ချင်းဖြူသွားမှာမဟုတ်ပါဘူးနော်။

လိမ္မော်ရည်နဲ့ နနွင်းမှုန့်

အသားရေဖြူဝင်းဖို့အတွက် နနွင်းမှုန့်ကို အသုံးပြုတာဟာ ဟိုအရင်ကတည်းက လူတိုင်းသိကြတဲ့နည်းပါပဲ။ လိမ္မော်ရည်ကလည်း သံပရိုသီးလိုပဲ သဘာဝအလျောက် မဲညစ်နေတဲ့နေရာကို ဖြူလာစေနိုင်စွမ်းရှိပါတယ်။ ဒီနည်းအတွက် နနွင်းမှုန့်လက်မလောက်နဲ့ လိမ္မော်ရည်တို့ကို (၃ပုံတစ်ပုံ) ရောစပ်ကာ အသားရေပေါ်မှာ လိမ်းထားလိုက်ပါ။ ခြောက်သွားတဲ့အထိ စောင့်ပြီးမှ သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

နှင်းဆီရည်နဲ့ နံ့သာဖြူ

နံ့သာဖြူကလည်း မဲညစ်နေတဲ့အသားရေကို မှေးမိန်သွားဖို့အတွက် ကုသတဲ့နေရာမှာ ကူညီပေးပါတယ်။ နှင်းဆီရည်ကတော့ အသားရေကို ရေဓာတ်ဖြည့်ပေးပါတယ်။ မဲညစ်နေတဲ့နေရာကို ဖြူလာစေဖို့အတွက် နှင်းဆီရည်နဲ့ နံ့သာဖြူမှုန့်တို့ကို အချိုးအဆတူရောစပ်ပြီး သင် လိမ်းချင်တဲ့နေရာကို လိမ်းလိုက်ပါ။ ခြောက်သွားတဲ့အခါ သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

အာလူး

အာလူးသီးစိပ်နဲ့ မဲညစ်နေတဲ့နေရာကို စက်ဝိုင်းအတိုင်း ပွတ်ကာ နှိပ်နယ်ပေးပါ။ အာလူးသီးက မဲညစ်တဲ့နေရာကို လျော့ပါးသွားစေနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်ဝနေတာပါ။ ရလဒ်ကောင်းကောင်းထွက်ချင်ရင်တော့ အာလူးသီးစိပ်နဲ့ နေ့တိုင်းပွတ်ပေးလို့ရပါတယ်။

Ref: Natural ways to lighten the dark private areas

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top