အချိုရည် ဝင်ဝယ်ရာကနေ ဒေါ်လာ ၁ သန်းဆု ထီပေါက်ခဲ့သူ

25.9.2024-yyl-2.jpg

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားတစ်ဦးဟာ စတိုးဆိုင်မှာ အချိုရည် ဝယ်ရင်း ခဲခြစ်ထီလက်မှတ်တွေ ကံစမ်းရာကနေ အမေရိကန်ဒေါ်လာ ၁ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ ရိုဝါနွတ်မြို့မှာ နေထိုင်တဲ့ နီကိုလက်စ်ဖောက်စ်ဟာ အယ်တာဗစ္စတာမြို့မှ သူ့မိသားစုထံ အလည်အပတ် ပြန်ရင်း ခရီးတစ်ထောက် နားချိန်မှာ A1 Mini Mart ထဲ ဝင်ပြီး အချိုရည် ဝယ်ခဲ့တာပါ။

သူဟာ ခဲခြစ်ထီလက်မှတ်တွေ ဝယ်ယူခဲ့ရာမှာ 20X the Money ခဲခြစ်ထီလက်မှတ်ကနေ အမေရိကန်ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးခဲ့တာပါ။ ” အကြည့်မှားတယ်လို့ ထင်နေတာ။ ဒီလောက်များများ ပေါက်မယ်လို့လည်း ထင်မထားဘူးလေ”လို့ နီကိုလက်စ်ဖောက်စ်က ဆိုပါတယ်။ သူဟာ အရစ်ကျမယူဘဲ တစ်လုံးတစ်ခဲတည်း ယူဖို့ ဆုံးဖြတ်လိုက်တာကြောင့် အခွန်မဆောင်မီ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆၂၅၀၀၀ ရရှိခဲ့ပါတယ်။ ထီဆုကြေးငွေတွေကို ဘယ်လိုအသုံးချမလဲဆိုတဲ့ အစီအစဉ်ကိုတော့ နီကိုလက်စ်ဖောက်စ်က ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။

Ref: Nebraska man wins lottery jackpot two months after his son
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top