အိမ်နီးနားချင်းရဲ့ ဖိနပ်တွေကို ခိုးတတ်တဲ့ ကြောင်လေးကြောင့် သခင်ဖြစ်သူ ဗျာများနေရ

17-8-2020-yyl-021.jpg

တချို့တိရစ္ဆာန်တွေမှာလည်း ထူးဆန်းတဲ့အကျင့်တွေ ရှိတတ်ကြပါတယ်။ ဒီကြောင်လေးကတော့ သူ့ရဲ့ဘဝကို သူခိုးအနေနဲ့ မြုပ်နှံထားတယ်လို့ ပြောလို့ရပါတယ်။ ကြောင်လေးရဲ့အဲဒီအကျင့်ကြောင့်ပဲ သူ့ရဲ့သခင် ဗျာများနေရပါတယ်။ အခုလအစောပိုင်းမှာ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ အဲတိုးနာမြို့က ဘီဂျေ ရို (BJ Ross) က သူ့ကြောင်လေးရဲ့မကောင်းတဲ့ အကျင့်တွေထဲကတစ်ခုဖြစ်တဲ့ အိမ်နီးနားချင်းတွေရဲ့ဖိနပ်တွေကို ခိုးတတ်တဲ့အကျင့်ကို ထုတ်ဖော်ပြောပြဖို့အတွက် ဖေ့စ်ဘွတ်ခ်တစ်ခုဖွင့်ခဲ့ပါတယ်။

ပေါင် (၆) ပေါင်ရှိတဲ့ အဖြူအမဲကြောင်လေးက ညဘက်တွေဆိုရင် အပြင်ထွက်သွားပြီး ခိုးဝှက်လာတဲ့ပစ္စည်းကို ကိုက်ကာ ပြန်လာတတ်တယ်လို့ ဆိုပါတယ်။ ကြောင်လေးရဲ့သခင် ဘီဂျေက ပိုင်ရှင်တွေဆီ ဖိနပ်တွေကို ပြန်ပေးဖို့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေက ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ အကူအညီကို တောင်းခံရင်းနဲ့ ကြောင်လေးက ကျော်ကြားလာခဲ့ပြီး အခုဆိုရင် တစ်ကမ္ဘာလုံးက သူ့ရဲ့ဗရုတ်ကျမှုကို သိနေကြပါပြီ။ ကြောင်လေးက သူ သယ်နိုင်သမျှ ဖိနပ်တွေကို ခိုးယူနေတဲ့ ကြောင်သူခိုးလေးပါ။ သူ့သခင်က မနက်ခင်းတိုင်း ဖိနပ် (၂) စုံလောက် တွေ့တွေ့နေရပါတယ်။ ကြောင်လေး ခိုးယူလာခဲ့တဲ့ ဖိနပ်တွေက အရံ (၅၀) ရှိနေပါပြီ။ ကြောင်လေးက သူ့ရဲ့အကျင့်ကို ဂုဏ်ယူနေပုံရပါတယ်။ “သင်တို့ ကျွန်တော့်ရဲ့ကြောင်လေးကို သိမယ်ဆိုရင် သူ အိမ်ကို ဖိနပ်တွေ ယူလာရတာကို ကြိုက်တယ်ဆိုတာသိသွားမှာပါ” လို့ ဘီဂျေက ရေးသားထားပါတယ်။

ကြောင်လေးရဲ့အကျင့်ကို သခင်က သိသွားပြီးတဲ့နောက်မှာ သူ့ကိုယ်မှာ GPS ခြေရာခံစက်ကို တပ်ခဲ့ပါတယ်။ ခြေရာခံစက်အရ ကြောင်လေးက ရပ်ကွက်တစ်ခုလုံးက အိမ်တွေကို ကြိမ်ဖန်များစွာ ပတ်ပြီး သွားနေတာပါ။ ကြောင်လေးက သူ့သခင်ကို ဖိနပ်တစ်စုံလုံးပြရတာ ကြိုက်တဲ့အတွက်ကြောင့်ပါ။ ကြောင်ဖြစ်တဲ့အတွက် တစ်ကြိမ်ကို ဖိနပ်တစ်ဖက်သာ သယ်နိုင်လို့ပါပဲ။ ဒါကြောင့် ဖိနပ်တစ်စုံလုံးကို သယ်လာနိုင်ဖို့အတွက် တစ်ဖက်သယ်ပြီးမှ နောက်တစ်ဖက်ကို ပြန်သွားသယ်တာဖြစ်ပါတယ်။

သူက တစ်ညကို (၇-၈) မိုင် သွားနိုင်ပါတယ်။ သက်သေသေသေချာချာရဖို့အတွက် လုံခြုံရေးကင်မရာကိုတောင် ဘီဂျေက တပ်ထားခဲ့ပါတယ်။ ဘီဂျေက သူ့ကြောင်လေးရဲ့အကျင့်ဆိုးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေနဲ့ ဆွေးနွေးနိုင်ဖို့ ဖေ့စ်ဘွတ်ခ်ဂရုဖန်တီးခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ကြောင်လေးရဲ့အကြောင်းကို သိသွားခဲ့ပြီး အရမ်းကို ချစ်နေကြပါပြီ။

Ref: BoredPanda ‘This Cat Loves Stealing His Neighbors’ Shoes So Much, His Owner Even Created A Facebook Group To Return Them”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top