ကိုရီးယားနှစ်နိုင်ငံကြား တစ်ဖက်ကမ်းရိုးတန်းတွေကို ဒုံးကျည်နဲ့အပြန်အလှန်ပစ်ခတ်

2-11-2022yyl45.jpg

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား တစ်ဖက်ကမ်းရိုးတန်းတွေကို ဒုံးကျည်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က ဆွတ်ချိုမြို့နဲ့ ၃၇ မိုင်အကွာကို ကျရောက်ခဲ့ပြီးနောက် ၃ နာရီအကြာမှာ တောင်ကိုရီးယားက လက်တုံ့ပြန် ပစ်ခတ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့လုပ်ရပ်က လက်မခံနိုင်စရာကောင်းတဲ့ ပိုင်နက်ချိုးဖောက်မှု ဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ တောင်ကိုရီးယားက ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့ပြီး မြောက်ပိုင်းကန့်သတ်စည်းကနေ မိုင် ၄၀ အတွင်း ကျရောက်ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ပင်လယ်ပြင်ပိုင်နက်ကို ခွဲခြားရေးစည်းမျဉ်းနဲ့ သတ်မှတ်ပေမဲ့ မြောက်ကိုရီးယားကတော့ အဲဒီသတ်မှတ်ချက်ကို လက်မခံပါဘူး။
အမေရိကန်နဲ့ တောင်ကိုရီးယားအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် သမိုင်းကြောင်းမှာ ကြောက်စရာအကောင်းဆုံးတန်ကြေး ပေးဆပ်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က မြောက်ကိုရီးယားနိုင်ငံက သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဒီနေ့မှာ အရှေ့ဘက်နဲ့ အနောက်ဘက်ဆီ ဦးတည်ပြီး အနည်းဆုံး ဒုံးကျည် ၁၀ စင်း ပစ်လွှတ်ခဲ့တာဖြစ်ပြီး အနည်းဆုံး ဒုံးကျည်တစ်စင်းကတော့ တောင်ဘက်နယ်စပ်ကနေ ၂၆ ကီလိုမီတာအကွာကို ကျရောက်ခဲ့တာပါ။

Ref:North and South Korea fire missiles off each other’s coasts for first time

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top