ခြေတုနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ နီပေါအမျိုးသား

23.5.2023-yyl-1.jpg

ဧဝရက်တောင်တက်တဲ့ သူတွေထဲမှာ ဒီနီပေါအမျိုးသားကတော့ ထူးခြားပါတယ်။ သူဟာ ခြေတုတွေနဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ကို ရအောင်တက်ခဲ့လို့ပါပဲ။ ဟာရီ ဘူဒါမာဂါ ဆိုတဲ့ အဲဒီအမျိုးသားဟာ ၂၀၁၀ ခုနှစ်က အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ရင်း ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရတဲ့ နီပေါစစ်သားဟောင်းတစ်ယောက်ပါ။ နီပေါအစိုးရက ၂၀၁၇ ခုနှစ်မှာ ခြေထောက်မရှိတဲ့သူ၊ မျက်မမြင်သမား၊ တစ်ကိုယ်တော်တောင်တက်သမားတွေကို တောင်တက်တာ တားမြစ်ခဲ့တာကြောင့် ဟာရီရဲ့ တောင်တက်မယ့်မျှော်လင့်ချက်တွေအားလုံး ပျောက်ဆုံးခဲ့ရခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ ဒီတားမြစ်ချက်နဲ့ပတ်သက်ပြီး အသနားခံစာတင်ခဲ့ကြပြီး တားမြစ်ချက်ကို ရုတ်သိမ်းတဲ့ ရလဒ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဟာရီက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဧဝရက်တောင်ကို တက်မယ့် သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူဟာ မေလ ၁၉ ရက်နေ့က ခြေအတုတွေနဲ့ ဧဝရက်တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ ခြေထောက်တွေ ဆုံးရှုံးခဲ့ပြီး ၁၃ နှစ်အကြာမှာတောင် သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့တောင်တက်ခရီးစဉ်က ခက်ခဲခဲ့ပေမဲ့ မသန်စွမ်းတဲ့သူတောင် ဧဝရက်တောင်ကို တက်နိုင်ရင် ဘယ်သူမဆို သူတို့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တယ်လို့ ဟာရီက ဆိုထားပါတယ်။

Ref: Nepalese Man Creates History by Climbing Mount Everest with Artificial Legs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top