ကုန်းမြေထုနှစ်ခုကြား တည်ရှိနေသလိုဖြစ်နေတဲ့ ကမ်းခြေသွားရာ လမ်းလေး

13.10.23-yyl-3.jpg

အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် ဘာလီကျွန်းမှာ ကမ်းခြေကိုသွားရာလမ်းဟာ ကမ္ဘာ့ကုန်းမြေထု နှစ်ခုကြား တည်ရှိနေသလို ပုံစံမျိုးကြောင့် အွန်လိုင်းမှာ ကျော်ကြားပါတယ်။

ပန်ဒါဝါကမ်းခြေဟာ ဖြူဖွေးတဲ့သဲပြင်နဲ့ ပြာလဲ့နေတဲ့ ရေပြင်တွေကြောင့် ဘာလီကျွန်းရဲ့ အလှဆုံးကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်အထိ ဒေသခံတွေကြားပဲ ရေပန်းစားပြီး ကမ္ဘာလှည့်ခရီးသွားတွေ အရောက်အပေါက် နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ထုံးကျောက်တောင်တွေပေါ်ကနေ ဖြတ်သန်းသွားရတဲ့ အခက်အခဲကြောင့်ပါပဲ။

၂၀၁၁ ခုနှစ်မှာတော့ ထုံးကျောက်တောင်ကို ထိုးဖောက်ပြီး လမ်းဖောက်ခဲ့တာပါ။ မြင့်မားမတ်စောက်တဲ့ ထုံးကျောက်တောင်နှစ်ခုကြားမှာ ရှိနေတဲ့ လမ်းလေးဟာ ကုန်းမြေထု နှစ်ခုကို ပိုင်းခြားထားတဲ့လမ်းလေးလို့ ထင်စရာပါပဲ။ ရှုခင်းနဲ့အတူ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေကတော့ ဒီလမ်းလေးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ် တင်ကြလေ့ရှိပါတယ်။

Ref: Impressive Road to Bali Beach Divides Internet

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top