အာဏာသိမ်း စစ်အစိုးရနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အရေးယူပိတ်ဆို့မှု ချမှတ်မယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ပြော

9-2-2021-yyl-32.jpg

နယူးဇီလန်နိုင်ငံက အာဏာသိမ်း စစ်အစိုးရနဲ့ ထိပ်တန်းအဆင့် ဆွေးနွေးမှုအားလုံး ဆိုင်းငံ့၊ အဆက်အသွယ် ဖြတ်တောက်ပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် ပေးအပ်နေတဲ့ နယူးဇီလန်ရဲ့ ရန်ပုံငွေတွေကနေ အာဏာသိမ်း စစ်အစိုးရ အကျိုးအမြတ်ရတာမျိုး မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်တွေကို ခရီးသွားလာခွင့်ပိတ်ပင်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြားကာလအတွင်း မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ နယူးဇီလန်နိုင်ငံရဲ့ ထောက်ပံ့ရေးအစီအစဉ်က ပေါင် ၂၃.၇၅ သန်း တန်ကြေးရှိပါတယ်။

Ref: Independent ” New Zealand’s Ardern severs all contact with Myanmar military ‘government’ and vows to impose sanctions “

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply