နည်းပညာ ကုမ္ပဏီအကြီးအကဲ တစ်ဦးက ကျောင်းသူတစ်ဦးအား အကြပ်ကိုင် ခြိမ်းခြောက်မှုပြုလုပ်

df-chennai-2.jpg

ဒီနှစ်အစောပိုင်းတုန်းက အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှာရှိတဲ့ Skyline နည်းပညာကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ အဇာဂူ ဆွန်ဒါရမ်း (Azhagu Sundaram) ဟာ ပုဂ္ဂလိကအင်ဂျင်နီယာကောလိပ်တစ်ခုကို သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို လေ့ကျင့်ရေးတွေ ပြုလုပ်ပေးခဲ့တဲ့အပြင် ငွေယူပြီး အလုပ်ရှာပေးတာတွေပါ လုပ်ပေးခဲ့ပါတယ်။

အလုပ်ရှာချင်တဲ့ကျောင်းသား၊ ကျောင်းသူတွေက မြို့ထဲက သူ့ရုံးခန်းဆီသွားရောက်ပြီး ရူပီး ၁ ထောင်ကနေ ၂ ထောင်ဝန်းကျင် ငွေသွင်း ဖောင်ဖြည့်ကြရပါတယ်။ ဘွဲ့ရခါစ အင်ဂျင်နီယာကျောင်းသူတစ်ဦးကလည်း အဇာဂူရဲ့ ရုံးခန်းကို လာရောက်ပြီး ငွေသွင်းကာ ဖောင်ဖြည့်တဲ့အချိန်မှာတော့ အခုလိုပြဿနာတွေ ဖြစ်လာခဲ့တာပါ။

အဲဒီကျောင်းသူက “ကျွန်မ ဖောင်ဖြည့်နေတုန်းမှာ အဇာဂူ က အချိုရည် လာတိုက်ခဲ့တယ်။ သောက်လိုက်ပြီးနောက်ပိုင်း ဘာမှကိုမသိတော့ဘူး။ ပြီးတော့ ဘယ်သူမှ မရှိတဲ့အခန်းထဲမှာ အဝတ်ဗလာကျင်းနဲ့ ကျွန်မ နိုးလာခဲ့ပြီး အဲဒီနေရာကနေ ချက်ချင်း ပြေးထွက်လာခဲ့တယ်”ဆိုပြီး ရဲဌာနကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာ ၎င်းကျောင်းသူက သူ့ကို အဇာဂူ က ဘာအလုပ်မှ မစီစဉ်ပေးတဲ့အတွက်ကြောင့် ငွေသွင်းထားရတဲ့ ရူပီး ၂ထောင်ကို ပြန်တောင်းတဲ့အခါ သူ(မ)ရဲ့အဝတ်ဗလာကျင်းပုံတွေကို အင်တာနက်မှာတင်ပစ်မယ်လို့ အဇာဂူ က ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့တဲ့အတွက်ကြောင့် အခု အဇာဂူ ဟာ ဖမ်းဆီးခံထားရပြီး ဒီတနင်္ဂနွေမှာ ကြားနာရမယ့် တရားစီရင်ချက်ကို စောင့်နေရတယ်လို့ သိရပါတယ်။

ဒီသတင်းအရ ဘယ်သူမဆို (အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်) တစ်ယောက်ယောက်ကို အလွန်အကျွံ အယုံမလွယ်သင့်ကြောင်းနဲ့ အယုံလွယ်မိရာကနေ ဒီလိုပြဿနာတွေ ဖြစ်တတ်တယ်ဆိုတာကို ဂရုပြုမိစေချင်ပါတယ်။ တစ်စုံတစ်ယောက်ကို အထင်ကြီးမိရာကနေ ယုံကြည်မှုတစ်ခုအဖြစ် ပြောင်းလဲမသွားသင့်ကြောင်းကိုလည်း ဒီသတင်းက မီးမောင်းထိုးပြသွားတာပါ။

Ref: Gadgets “Chennai tech firm MD held for taking nude photos of woman”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top