အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ညဘက် ဘားသွားထိုင်ရင်း ထီထိုးခဲ့ရာမှာ စံချိန်တင် ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် အမျိုးသားဟာ JP’s Trolley Stop ဘားမှာ Club Keno The Jack ထီလက်မှတ်ဝယ်ယူခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၆၇၇၁၄၁ ဆွတ်ခူးခဲ့တာပါ။ ”
ကျွန်တော်က The Jack ထီ ထိုးလေ့မရှိဘူး။ ဆုကြေး ဘယ်လောက်ရမလဲ ကြည့်လိုက်တော့ ဆုကြေးများတာနဲ့ ထိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖုန်းနဲ့ စကန်ဖတ်ကြည့်လိုက်တော့ ထီပေါက်မှန်း သိတာနဲ့ ဘားကနေ ချက်ချင်းထပြန်လာခဲ့တာပါ။ ထီဆုကြေး အများကြီးရတော့ ပျော်ပါတယ် ”လို့ သူက ဆိုပါတယ်။
ဒီအမျိုးသားဟာ Club Keno The Jack ထီသမိုင်းမှာ ဆုကြေးအများဆုံး ဆွတ်ခူးခဲ့တာဖြစ်ပြီး ယခင်စံချိန်တင် ဆွတ်ခူးမှုထက် ဒေါ်လာ ၁၇၀၀၀၀ ကျော် ပိုများပါတယ်။
Ref: Night at bar earns Michigan man record-breaking lottery jackpot
NZ ( ရိုးရာလေး)