ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးအဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ ကလေးလေး

yyl-006-13.jpg

UK မှာ နေထိုင်နေတဲ့ အသက် (၃) နှစ်အရွယ် မလေးရှားကလေးလေးဟာ အိုင်ကျူမြင့်တဲ့ သူတွေနဲ့ဖွဲ့စည်းထားတဲ့ Mensa မှာ ဝင်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ မူဟာမတ် ဟာဇက် နက်ဇင် (Muhammad Haryz Nadzim) ဆိုတဲ့ အဲဒီကလေးလေးက Stanford-Binet IQ test မှာ (၁၄၂) မှတ်ရရှိပြီး စိတ်ပညာရှင်တစ်ယောက်နဲ့ တွေ့ဆုံမိခဲ့ပြီးနောက်မှာ Mensa အဖွဲ့အစည်းကို ဝင်ဖို့ ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။

မူဟာမတ်ရရှိခဲ့တဲ့ ရမှတ်က ရာခိုင်နှုန်းအနေနဲ့ဆိုရင် (၉၉.၇) ဖြစ်တယ်လို့ သူ့ရဲ့မိခင်က ပြောပါတယ်။ Mensa ရဲ့အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် IQ နဲ့ပတ်သက်ပြီး လက်တွေ့ သရုပ်ပြရတယ်လို့ Mensa UK ဝက်ဆိုက်ဘ်အရ သိရပါတယ်။ Mensa IQ Test က (၁၀) နှစ်နဲ့ အထက်ကလေးတွေအတွက် ထုတ်ထားတာဖြစ်ပါတယ်။ (၁၀) နှစ်ထက်ငယ်တဲ့ကလေးတွေအတွက်ကတော့ သူတို့ရဲ့ IQ ရမှတ်ကို သိရဖို့ ပညာရေးဆိုင်ရာစိတ်ပညာရှင်တွေက အကဲဖြတ်ပေးရပါတယ်။

မူဟာမတ်က စိတ်ပညာရှင်တစ်ယောက်ရဲ့ အကဲဖြတ်မှုပေးမှုနဲ့ the Stanford-Binet မှာ သူ့ရဲ့ရမှတ်က Mensa အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ရာ အဆင့်မီခဲ့ပါတယ်။ Test က သင်္ချာ၊ အဖတ်၊ မှတ်သားနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်းမေးခွန်းတွေ ပါဝင်ပါတယ်။

သူ့ရဲ့မိသားစုက Mensa အဖွဲ့က သူ့ကို မခေါ်ခင်ကတည်းက IQနဲ့ပတ်သက်ရင် ထူးခြားတယ်ဆိုတာကို သိခဲ့ကြပါတယ်။ သူက Kumon: After-school math and reading programme မှာလည်း တက်ရောက်စဉ်က ဘာသာရပ်(၂) နှစ်ခုလုံးမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ ဂုဏ်ပြုခံခဲ့ရပါတယ်။ သူ့ရဲ့မိခင်က သူ့ကို ‘BrainBox” အသေးစားလို့ ခေါ်ပါတယ်။ သူက ပန်းချီဆွဲတာ၊ စာဖတ်တာနဲ့ လက်မှုပညာတွေကိုလည်းကြိုက်နှစ်သက်ပါတယ်။ အထူးသဖြင့် IQ သုံးပြီးကစားရတဲ့ဂိမ်းတွေကို ပိုကြိုက်တယ်လို့ သူ့မိခင်က ပြောပါတယ်။ လက်ရှိမှာတော့ မူဟာမတ်က အင်စတာဂရမ်မှာ Follower (၄၀၀၀)ကျော်၊ YouTube မှာလည်း subscriber (၃၅၀၀) ခန့်ရှိနေပါပြီ။

Ref: M’sian boy, 3, youngest person to qualify for Mensa with 142 IQ score

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top