၆လအတွင်း ထီဆုကြီး ၂ ကြိမ်ပေါက်ခဲ့တဲ့ ဇနီးမောင်နှံ

luck.jpg

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှ ဇနီးမောင်နှံကတော့ ၆ လအတွင်း ထီ ၂ ကြိမ်ပေါက်ပြီး ဒေါ်လာသန်းချီ ပိုင်ဆိုင်ခဲ့တာကြောင့် ကံကောင်းလွန်းသူတွေလို့ သတ်မှတ်ခံထားရပါတယ်။ အိုးရှန်းကောင်တီမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံဟာ Jackpot Millions ခဲခြစ် ထီလက်မှတ်ကနေ ဒေါ်လာ ၃ သန်းဆု ဆွတ်ခူးခဲ့တာပါ။

သူတို့ဟာ ဧပြီလ ၁ ရက်နေ့တုန်းကလည်း Ultimate Spectacular ထီလက်မှတ်ကနေ ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးခဲ့ဖူးပါတယ်။ Jackpot Millions ကနေ ဆုကြီးဆွတ်ခူးနိုင်ခြေဟာ ၂ သန်းပုံ၊ ၁ ပုံပဲ ရှိပြီး Ultimate Spectacular ထီဆုကြီး ဆွတ်ခူးနိုင်ခြေကြတော့ ၁ သန်းပုံ၊ ၁ ပုံပဲ ရှိပါတယ်။ အခုလို ဆုကြီး ၂ ဆုကို ဆွတ်ခူးနိုင်ဖို့ကတော့ ၂ ထရီလျံပုံ၊ ၁ ပုံပဲ ရှိပြီး ဥက္ကာခဲ ထိမှန်နိုင်ခြေထက်တောင် ပိုခက်ခဲတာကြောင့် သူတို့ကို အလွန်ကံကောင်းသူတွေလို့ ခေါ်ဆိုနေကြတာပါ။

သူတို့ဇနီးမောင်နှံမှာ ရင်သွေး ၂ ဦးရှိပြီး နောက်ထပ်ရင်သွေးလေးကိုလည်း ကိုယ်ဝန်ဆောင်ထားပါတယ်။ ရရှိလာတဲ့ ထီဆုကြေးငွေတွေကို မိသားစုအတွက်ပဲ သုံးစွဲသွားကြမယ်လို့ သူတို့က ဆိုပါတယ်။

Ref: NJ Couple Wins $3M Lottery Prize — Just Months After Scoring $1M

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top