သရုပ်ဆောင်မင်းသမီးကြီး ဘက်တီဝှိုက် ရဲ့ချစ်လှစွာသောဝက်ဝံကြီး ဘမ်ဘမ် သေဆုံး

15-6-2022-yyl06.jpg

၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ဂန္တဝင်သရုပ်ဆောင်မင်းသမီးကြီး ဘက်တီဝှိုက် ကွယ်လွန်ခဲ့ပြီး လအနည်းငယ်အကြာမှာ သူ့ရဲ့ချစ်လှစွာသောဝက်ဝံကြီး ဘမ်ဘမ် သေဆုံးသွားခဲ့ပါတယ်။ ဘမ်ဘမ် သေဆုံးသွားခဲ့တယ်ဆိုတာကို သူ့ရဲ့အတွင်းရေးမှူး ကီအာစတန် မိုက်ခ်လက်စ် အသုံးပြုပေးနေတဲ့ ဘတ်တီဝှိုက်ရဲ့ အင်စတာဂရမ်အကောင့်မှာ ဇွန်လ ၁၄ ရက်နေ့က ကြေညာခဲ့တာပါ။

မင်းသမီးကြီး ဘက်တီဝှိုက်နဲ့ ဝက်ဝံကြီး ဘမ်ဘမ်တို့ရဲ့ချစ်စရာဓာတ်ပုံတွေနဲ့အတူ “ပို့စ်တင်တာ ခေတ္တရပ်နားထားတာကနေ ကြည်နူးဝမ်းနည်းဖွယ်ပို့စ်တစ်ခုနဲ့ ပြန်လာတာပါ။ ဒီကောင်လေးက သူ့ကို အရမ်းချစ်တဲ့ ဒီအမျိုးသမီးကြီးနဲ့ ပြန်လည်ဆုံစည်းသွားခဲ့ပါပြီ။ ဘမ်ဘမ်က ခမ်းနားကြီးကျယ်တဲ့ သတ္တဝါကြီးတစ်ကောင်ပါပဲ။ သူ့ကို ချစ်ကြတဲ့သူတွေအားလုံး လွမ်းဆွတ်နေမှာပါ”လို့ ရေးသားထားပါတယ်။

ပထမဆုံးဓာတ်ပုံ (၃) ပုံကတော့ မင်းသမီးကြီး ဘက်တီက ဘမ်ဘမ်ကို မှီထားတာပါ။ နောက်ဆုံးတစ်ပုံက ဘက်တီနဲ့သူ့သူငယ်ချင်း ဂျော်ဂျီယာ အန်ဂျယ် (၂၀၁၉ ဧပြီမှာ သေဆုံး)တို့ကြား ဘမ်ဘမ် ရှိနေတာပါ။

ဘက်တီနဲ့ ဘမ်ဘမ်တို့ဟာ ၂၀၁၈ခုနှစ်မှာ The First Lady of Television မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရင်း တွေ့ဆုံခဲ့တာပါ။ မှတ်တမ်းတင်ရုပ်ရှင်ထဲမှာ ဘက်တီရဲ့တိရစ္ဆာန်တွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ကောင်းကောင်းရိုက်ပြထားခဲ့တဲ့အပြင် ဘက်တီနဲ့ ဘမ်ဘမ်တို့ရဲ့ချစ်စရာအပြုအမူတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မင်းသမီးကြီး ဘက်တီဝှိုက်က The Morris Animal Foundation ရဲ့အငြိမ်းစားဉက္ကဌဖြစ်ခဲ့တဲ့အပြင် The Greater Los Angeles Zoo Association ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်လည်းဖြစ်ခဲ့ပါတယ်။ African Wildlife Foundation၊ The Los Angeles Zoo Commission အပါအဝင် ပရဟိတလုပ်ငန်းများစွာနဲ့လည်း လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။

ဘက်တီဝှိုက်သေဆုံးခဲ့ပြီးနောက် သူ့ရဲ့ပရိသတ်တွေက သူ့ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့မှာ တိရစ္ဆာန်တွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းမယ့် Betty White Challenge တစ်ခု ဖန်တီးခဲ့ပါတယ်။ Betty White Challenge က လိုအပ်နေတဲ့ တိရစ္ဆာန် ကယ်ဆယ်ရေးစင်တာတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၄၀၅,၄၃၉ ရှာပေးနိုင်ခဲ့ပါတယ်။

Ref: TheMirror “Betty White’s beloved bear Bam Bam dies months after legendary actress passed away”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top