ကင်ဆာဝေဒနာရှင် မိန်းကလေးကို အားပေးဖို့ အတန်းဖော် ၇၀ က ခေါင်းတုံးတုံးခဲ့

cancwer2.jpg

ကင်ဆာရောဂါ ခံစားနေရတဲ့ အတန်းဖော်မိန်းကလေးနဲ့အတူ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ အတန်းဖော်ယောကျာ်းလေး အယောက် ၇၀ က ခေါင်းတုံး တုံးခဲ့ကြပါတယ်။

နိုဂါလို့ အမည်ရတဲ့ မိန်းကလေးဟာ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှု ခံယူနေရပြီး အဆက်မပြတ် ဆံပင်ကျွတ်တာကြောင့် ခေါင်းတုံး တုံးထားရသူပါ။ သူ့ဘဝအတွက် အခက်ခဲဆုံးတိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်နေရချိန်မှာ နိုဂါ အားတက်စေဖို့ ရည်ရွယ်ပြီး အတန်းဖော်တွေက ခေါင်းတုံး တုံးခဲ့ကြတာပါ။


အကြင်နာတရား ရှေ့တန်းတင်တဲ့ ဒီလုပ်ရပ်ဟာ နိုဂါကို စိတ်ခွန်အား ပေးနိုင်ပြီး ကင်ဆာရောဂါနဲ့ တိုက်ခိုက်နေရတဲ့ အချိန်မှာ အနိုင်ယူနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိလာစေလိမ့်မယ်လို့ အတန်းဖော်တွေက ယုံကြည်ထားကြပါတယ်။

Ref: Noga was diagnosed with cancer and 70 of her classmates shaved their heads in solidarity with her

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top