ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးမယ်

18-1-2023-yyl-167.jpg

The Hunger Games၊ John Wick ဇာတ်ကားတွေအပါအဝင် နာမည်ကြီးဇာတ်ကားတွေကို ထုတ်လုပ်ရိုက်ကူးတဲ့ Lionsgate က ကမ္ဘာကျော်ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ကို ထုတ်လုပ်ရိုက်ကူးမှာဖြစ်ပါတယ်။ Michael လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်က မိုက်ကယ်ဂျက်ဆင်ရဲ့မိသားစုအတွက် ကြီးမားတဲ့ငွေကြေးအရင်းအမြစ်တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ Deadline သတင်းဌာနက ဖော်ပြပါတယ်။

Michael ရုပ်ရှင်ကို မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ Emancipation ဇာတ်ကားရဲ့ဒါရိုက်တာ အန်တွိုင်ဖုကွာက ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းကို ဂျွန်လိုဂန်က ရေးသားမှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖရက်ဒီ မာကျူရီအတ္တုပ္ပတ္တိရုပ်ရှင် Bohemian Rhapsody ရဲ့ထုတ်လုပ်သူ အော်စကာဆုရှင် ဂရဟမ်ကင်းကပဲ ထုတ်လုပ်သူအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။ ဖရက်ဒီမာကျူရီရဲ့ အတ္တုပ္ပတ္တိရုပ်ရှင်က ရုံတင်ငွေ သန်း ၉၀၀ ကျော်ရရှိခဲ့တာပါ။ Micheal ရုပ်ရှင်ကို အဲဒီပမာဏထက်များဖို့ မျှော်လင့်နေပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့အိမ်ခြံမြေပိုင်ဆိုင်မှုအကျိုးဆောင်ကုမ္ပဏီကလည်း ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ ပူးပေါင်းပါဝင်ပေးသွားမှာပါ။ အိမ်ခြံမြေပိုင်ဆိုင်မှုအကျိုးဆောင်ကုမ္ပဏီရဲ့သေတမ်းစာအရ ဆောင်ရွက်ပေးသူတွေဖြစ်တဲ့ ဂျွန် ဘရန်ကာ နဲ့ ဂျွန် မက်ကလိန်းတို့က ဒီရုပ်ရှင်ကားကို ပူးတွဲစီမံထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဂျက်ဆင်ရဲ့အိမ်ခြံမြေပိုင်ဆိုင်မှုအကျိုးဆောင်ကုမ္ပဏီဟာ သူ့ရဲ့ဂီတကတဆင့် ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၇၅ သန်းရအောင် လုပ်ပေးခဲ့တာပါ။

ဂရမ်မီဆု (၁၃) ဆုရရှိခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်က မေ့ဆေး အလွန်အကျွံသုံးစွဲခြင်းရဲ့အကျိုးဆက်ကြောင့် ၂၀၀၉ခုနှစ် အသက် ၅၀ အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။


Ref: ‘Michael’: Studio confirms biopic on King of Pop is in the works

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top