ကိုရီးယားကျွန်းဆွယ်မှာ အအေးလှိုင်းဖြတ်ပြီး မြောက်ကိုရီးယားမှာ အပူချိန်အနုတ် ၃၀ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းဖွယ် ရှိနေ

23-1-2023-yyl-192.jpg

ကိုရီးယားကျွန်းဆွယ်မှာ အအေးလှိုင်းဖြတ်လို့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ရာသီဥတုဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ မြောက်ပိုင်းဒေသတွေမှာ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်မှု ကြုံရနိုင်တယ်လို့ နိုင်ငံပိုင်ရေဒီယိုက ထုတ်လွှင့်ခဲ့ပါတယ်။

တရုတ်နိုင်ငံမြောက်ဖျားမှာ စံချိန်တင် အပူချိန်ကျဆင်းမှု ကြုံတွေ့နေပြီး ဂျပန်နိုင်ငံမှာလည်း ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အပူချိန်ကျဆင်းမှုကို ယခုသီတင်းပတ်မှာ ရင်ဆိုင်ရဖို့ ခန့်မှန်းထားပါတယ်။

Ref: North Korea issues ‘extreme cold’ weather alert

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply