သွေးကြောထဲမှ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်မယ့် စက်ငယ်

vin.jpg

ခွဲစိတ်မှုလုပ်စရာမလိုဘဲ သွေးကြောထဲမှ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်မယ့် စက်ငယ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ကြပါတယ်။ အဲဒီစက်ငယ်ကို ခန္ဓာကိုယ်ရဲ့ ပင်မသွေးကြောထဲ ထည့်သွင်းပြီး အဆီပိတ်နေတဲ့နေရာတွေထံ စေလွှတ်လိုက်တာဖြစ်ပြီး အသေးစား ကင်မရာတပ်ဆင်ထားတာကြောင့် ခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှုတစ်ခုလုံးကို စောင့်ကြည့်နေနိုင်မှာ ဖြစ်ပါတယ်။

အဆီပိတ်နေတဲ့ နေရာကို ရောက်သွားရင် စက်ထဲကနေ လေပူဖောင်းတွေ ထွက်လာပြီး အဲဒီနေရာရဲ့ သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်ပါတယ်။ လိုအပ်ရင် သွေးတွေကို စုပ်ထုတ်ပေးပြီး ဆားပျော်ရည် ဖြည့်သွင်းကာ သွေးကြောထဲမှာ ပိတ်နေတဲ့ ကိုလက်စထရော အကြွင်းအကျန်တွေကို ဓားသွားနဲ့ ခွဲစိတ်ဖယ်ရှားပစ်တာပါ။

ကိုလက်စထရောတွေကို လှီးဖြတ်ဖယ်ရှားရာမှာ သွေးကြောနံရံ မထိခိုက်အောင် အထူးစီစဉ်ထားပြီး ခွဲစိတ်မှုပြီးဆုံးတာနဲ့ ဆားပျော်ရည်တွေကို ဖယ်ထုတ်လိုက်မှာပါ။ ပြီးရင် လေပူဖောင်းတွေကို လေပြန်လျှော့လိုက်ပြီး သွေးစီးဆင်းမှုကို နဂိုအတိုင်း ပြန်ပွင့်စေမှာ ဖြစ်ပါတယ်။

ကိုလက်စထရော များလွန်းပြီး သွေးကြောထဲမှာ ပိတ်ဆို့နေရင် နှလုံးဖောက်တာ၊ လေဖြန်းတာနဲ့ အခြားအန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါတွေ ကြုံရလေ့ရှိပါတယ်။ ဒီစက်ငယ်လေးကတာ့ သွေးကြောထဲမှ ကိုလက်စထရောတွေကို ရှင်းလင်းပေးနိုင်မယ့် နည်းလမ်းသစ် ဖြစ်လာတော့မှာပါ။

Ref: Scientists made a tiny machine that removes cholesterol from blood vessels

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top