အကြွေးသိန်းချီကို (၃) နှစ်အတွင်း ကြေအောင်ဆပ်နိုင်ခဲ့တဲ့ စုံတွဲ

yyl-7-9-040.jpg

ဒက်ထရိုက်မြို့ (Detroit) က စုံတွဲတစ်တွဲက ကျောင်းချေးငွေအကြွေး ဒေါ်လာ (၁၂၀,၀၀၀) ကို (၃) နှစ်အတွင်း ဆပ်နိုင်ခဲ့ပါတယ်။ သူတို့က အဲဒီအကြွေးတွေကို ကြေအောင်ဘယ်လိုဆပ်ခဲ့လဲဆိုတာကို သတင်းဌာနတစ်ခုကို ထုတ်ပြောပြခဲ့တယ်လို့ သိရပါတယ်။ ကွင်တန် နဲ့ မာရှယ်လ် ရိုစ်တို့က အကြွေးတွေကို ဘဝတစ်လျှောက်လုံး ပါမသွားချင်တဲ့အတွက် အစီအစဉ်ဆွဲခဲ့ကြပါတယ်။ သူတို့လုပ်ဆောင်ခဲ့တဲ့ အကြီးမားဆုံးအရာက အလဟာသာဖြုန်းတီးနေတာတွေကို ဖြတ်တောက်ပစ်ခဲ့တာပါ။ “အပြင်ထွက်စားတာ၊ မလိုအပ်တဲ့အရာတွေဝယ်တာ၊ ဈေးကြီးတဲ့ အဝတ်အစားတွေဝယ်တာတွေ ရပ်တန့်ပစ်ခဲ့ပါတယ်” လို့ ကွင်တန်က ပြောပါတယ်။

အကြွေးတွေဆပ်ဖို့အတွက် သူတို့စုံတွဲက အကြွေးအသေးအမွှားတွေကို အရင်ဆပ်ပြီး ပေးစရာရှိတဲ့ အကြွေးကြီးကြီးမားမားတွေကို တဖြည်းဖြည်းချင်း ဆပ်ဖို့လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့အလုပ်ကနေ နှစ်စဉ် ဒေါ်လာ (၁၅၀,၀၀၀) ရရှိပါတယ်။ အကြွေးဆပ်ရမယ့်အချိန်ဆို ရိုစ်က အစားအစာတွေ၊ အသုံးလိုတာတွေနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို အရင်ဆုံးဂရုစိုက်ကြည့်တယ်။ အဲဒီနောက်မှာ ကျောင်းချေးငွေအတွက် ငွေပေးသွင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ပိုက်ဆံအတွက် သူတို့စုံတွဲက သူတို့ရဲ့အသုံးစရိတ်ကို ချွေတာခဲ့ပါတယ်။ “ရိုစ်က စားသောက်ကုန်တွေကို နှစ်ပတ်စာဝယ်ထားမယ့်အစား နှစ်ရက် (သို့) လေးရက်စာလောက်သာ ဝယ်ခဲ့ပါတယ်” လို့ ကွင်တန်က ပြောပါတယ်။

အပိုဝင်ငွေရဖို့အတွက် ကွင်တန်ကလည်း အလုပ်မှာ အချိန်ပိုပြီးလုပ်ဖြစ်ပါတယ်။ အကြွေးကြေအောင် ဆပ်နိုင်ဖို့အတွက် တချို့အပတ်တွေဆို (၇၅) နာရီလောက် အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ သူတို့တွေက သုံးနှစ်နီးပါးလောက် အသုံးစရိတ်ချွေတာပြီး အလုပ်ကြိုးစား လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ အကြွေးတွေကို ကြေအောင်ဆပ်နိုင်ခဲ့ပါတယ်။ သူတို့တွေက နောက်ဆုံးငွေပေးချေမှု လုပ်တဲ့အချိန်မှာ ဖော်မပြနိုင်လောက်အောင် ဝမ်းသာပျော်ရွှင်မိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: ABC News “How one couple paid off $120K debt in under 3 years”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top