သင့်မျက်လုံးရှေ့ ကောင်းကင်ယံမှာ လှလှပပ ကကြိုးသွယ်နေတဲ့ အလင်းတန်းများကို ခဏလောက် မြင်ယောင်ကြည့်ပါ။ အိမ်မက်တစ်ခုမဟုတ်ပဲ ရုပ်ရှင်ထဲမှာမဟုတ်ဘဲ တကယ့်အပြင်မှာ ကောင်းကင်တစ်ခုလုံး ကခုန်နေတဲ့ အလင်းတန်းတွေအပြည့်ပေါ့။
ဒါဟာအပြင်မှာ တစ်ကယ်မြင်နိုင်မယ့် အဖြစ်အပျက်တစ်ခုပါ။ ဒီဖြစ်စဉ်ဟာ တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းတွေမှာ ဖြစ်ပေါ်ပါတယ်။ တောင်ဘက်မှာဆိုရင် Aurora Australis လို့ခေါ်ပြီး မြောက်ဘက်မှာဆိုရင်တော့ Aurora Borealis လို့ခေါ်ပါတယ်။ အများအားဖြင့် Northern Lights လို့ခေါ်ကြပါတယ်။
Northern Lightsဟာ နေကလာတဲ့ အလင်းရောင်ထုတ်လွှတ်မှုတွေနဲ့ ကမ္ဘာမြေကြီးရဲ့ လေထုပွတ်တိုက်ဆွဲမိရာက ထွက်ပေါ်လာတဲ့အလင်းရောင်များဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင် သက်တန့်လိုမျိုးပေါ့။ ဒီလိုဖြစ်စဉ်ဟာ သံလိုက်စက်ကွင်း ပိုများတဲ့နေရာတွေမှာ ဖြစ်ပေါ်ပါတယ်။ Northern Lights ကို အာတိတ်စက်ဝိုင်းဒေသနဲ့ အန္တာတိတ်စက်ဝိုင်းဒေသတွေမှာ အတွေ့ရများပါတယ်။ Northern Lights ကြည့်ဖို့အလှပဆုံးနေရာနဲ့ မြင်ကွင်းအကြည်လင်ဆုံးနေရာကတော့ နော်ဝေနိုင်ငံ(Norway)ဖြစ်ပါတယ်။ နေ့အခါမှာ မှိန်ပျပျလောက်မြင်ရပေမယ့် ညအခါမှာတော့ တောက်ပနေတဲ့ အလင်းရောင်တွေကို ထင်ထင်ရှားရှား မြင်ရမှာ ဖြစ်ပါတယ်။ Northern Lightsကိုကြည့်ဖို့ အကောင်းဆုံးလတွေကတော့ ဇန်နဝါရီလကနေ မတ်လအထိဖြစ်ပါတယ်။
Northern Lightsရဲ့အရောင်အသွေးတွေကလည်း စုံလင်ပါတယ်။ အများအားဖြင့်တော့ အစိမ်းရောင်ကို အတွေ့ရများပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မိုင်ပေါင်းများစွာမြင့်တဲ့ ကုန်းမြင့်ဒေသတွေမှာ ကြက်သွေးရောင် အနီရင့်ရောင် သို့မဟုတ် အနီရောင်အလင်းတွေကိုပါ တွေ့န်ိုင်ပါတယ်။ မြေမျက်နှာပြင် နိမ့်တဲ့ဒေသတွေမှာ အစိမ်းရောင် အပြာရောင် မဲနယ်ရောင်တွေကို တွေ့မြင်နိုင်ပါတယ်။ အဝါရောင်နဲ့ပန်းရောင်အလင်းတန်းတွေ တစ်ခါတစ်ရံ လိမ္မော်ရောင်တွေကို ရှားရှားပါးပါးမြင်တွေ့နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ပုံစံနဲ့ အနီအောက်ရောင်ခြည်ပုံစံတွေကို လူသာမန်မျက်လုံးနဲ့ သိပ်မမြင်ရပေမယ့် မားစ်၊ ဂျူပီတာနဲ့ စေတန်ဂြိုလ်တွေကနေတောင် လှမ်းမြင်နိုင်ပါတယ်။
Sophia (ရိုးရာလေး)
Post Views: 3,897