Mr.Bean လို့လူသိများတဲ့ ရိုဝမ်အတ်ကင်ဆမ်(Rowan Atkinson)ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် 

bean.jpg
Johnny English အမည်ရှိတဲ့ စပိုင်စုံထောက်ဟာသဇာတ်လမ်းဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ပထမဆုံးစတင်ထွက်ရှိခဲ့ပြီး ယခုအခါမှာတော့ Johnny Englishရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဟာ မကြာမီမှာပဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ “Johnny English Strikes Again” လို့အမည်ပေးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းမှာ ရိုဝမ်အတ်ကင်ဆမ် (Rowan Atkinson) ရဲ့ ရယ်ရွှင်ဖွယ်ကောင်းတဲ့ တလွဲတချော် သရုပ်ဆောင်ချက်များကို ရုပ်ရှင်နမူနာ(Trailer)ထဲမှာတွေ့ရှိရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ခါက ကမ္ဘာကြီးကို ကယ်တင်ခဲ့ဖူးတဲ့ စပိုင်စုံထောက် ဂျွန်နီ( Johnny)ဟာ စပိုင်စုံထောက်အလုပ်ကနေ အနားယူပြီး ကျောင်းဆရာတစ်ယောက် အနေနဲ့ကလေးတွေကို စာသင်ပေးနေပါတယ်။ ဆိုးရွားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် ဗြိတိသျှအစိုးရလက်အောက်က လျှို့ဝှက်စပိုင်များရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့အတွက် အနားယူထားပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စပိုင်ကြီးဂျွန်နီ( Jonny ) ဟာ စစ်ဆင်ရေးအသစ် ပြန်လည်ထမ်းဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။
ဂျွန်နီ( Johnny)ဟာ ဗြိတိသျှ အစိုးရရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပြီး ဟက်ကာ(Hacker) တွေရဲ့ ကြိုးကိုင်သူကို ရှာဖွေရမယ့် စစ်ဆင်ရေးကို ဆောင်ရွက်ရပါတယ်။ ထွက်ရှိလာတဲ့ ရုပ်ရှင်နမူနာ(Trailer )ထဲမှာ ဂျွန်နီ(Johnny)ကို VR (Virtual Reality ) နည်းပညာပစ္စည်း ၊ သံလိုက်နည်းပညာသုံး ဖိနပ်တွေ အသုံးပြုပုံနဲ့ပတ်သတ်ပြီး အခက်အခဲတွေ့ကြုံရပုံတွေကို  မြင်တွေ့ရမှာ ဖြစ်ပါတယ်။ရှေးရိုးစွဲနည်းလမ်းတွေနဲ့ပဲ အသားကျနေတဲ့ ဂျွန်နီ(Johnny) တစ်ယောက် ခေတ်သစ်စပိုင်နည်းပညာတွေ အသုံးပြုရာမှာ ကမောက်ကမ ဖြစ်ရပုံတွေကိုလည်း ရုပ်ရှင်နမူနာ(Trailer) ထဲမှာ မြင်တွေ့ရမှာပါ။
 ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဘေးလ် မေလာ(Bill Miller) က ဂျွန်နီ(Johnny) ရဲ့ လက်ထောက်အကူ ဝန်ကြီးချူပ် အဖြစ် အန်မာသွန်ဆမ်(Emma Thompson) နဲ့အိုဂါကူလမ်ကို( Olga Kurylenko) ကတော့ ဗီလိန် အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Johnny English ဇာတ်လမ်းဟာ  စပိုင် စုံထောက် ဟာသဇာတ်လမ်းဖြစ်တာကြောင့် ဂျိမ်းစဘွန်း ဇာတ်လမ်းနဲ့ Mr.Bean ဇာတ်လမ်းနှစ်မျိုးကို ဇာတ်လမ်းတစ်ခုထဲမှာ တပြိုင်တည်းကြည့်နေရသလိုမျိုး ဟာသရော အက်ရှင်ပါ နှစ်မျိုးစလုံးကို ခံစားရမှာပါ။ ဒီရုပ်ရှင်ဇာတ်ကားကို အင်္ဂလန်မှာ ၂၀၁၈ အောက်တိုဘာလအတွင်း စတင်ပြီး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top