လူသိနည်းတဲ့ အလူမီနီယံသတ္တုပြားရဲ့အသုံးဝင်ပုံများ

yyl-005-8.jpg

အစားအစာတွေ လတ်ဆတ်နေအောင်ထုတ်ပိုးတဲ့အခါ၊ ဆံပင်ပုံကျအောင်လုပ်တဲ့အခါ အလူမီနီယံသတ္တုပြားကို သုံးဖြစ်ကြပါတယ်။ အဲဒါတွေအပြင် အလူမီနီယံသတ္တုပြားက ကျွန်တော်တို့ မထင်ထားလောက်အောင် အခြားအရာတွေအတွက်လည်း အတော်လေးအသုံးဝင်ပါတယ်။ အလူမီနီယံသတ္တုပြားက နောက်ထပ်ဘယ်လိုနေရာတွေမှာ အသုံးဝင်သေးလည်းဆိုတာကို လူသိပ်မသိကြတာများပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေ သိရှိသွားအောင် ဖော်ပြပေးချင်ပါတယ်။

၁ ခြေထောက်ကိုက်ခဲတာ၊ နာကျင်တာတွေကို ကုသဖို့အတွက် သင့်ခြေထောက်ကို အလူမီနီယံသတ္တုပြားနဲ့ ထွေးပတ်ထားလို့ရပါတယ်။ အဲဒါရဲ့ဓာတုအစိတ်အပိုင်းတွေက သင့်ခန္ဓာကိုယ်ရဲ့စွမ်းအားကို ထိန်းညှိပေးဖို့ကူညီပေးသလို နာကျင်မှုကို အလျင်အမြန်ပျောက်ကင်းအောင်လည်း ကူညီပေးပါတယ်။

၂ သံချေးတတ်တာကိုလည်း အလူမီနီယံသတ္တုပြားကို သုံးပြီး ဖယ်ရှားလိုက်မယ်ဆိုရင် သန့်စင်သွားအောင် ကူညီပေးနိုင်ပါတယ်။

၃ အခန်းအနွေးပေး ရေနွေးပိုက်စနစ်နောက်မှာ သတ္တုပြားကို ထားမယ်ဆိုရင် သင့်အိမ်ကို အနွေးဓာတ်ရစေပါတယ်။

၄ ကော်ဖီဗူးကို အလူမီနီယံသတ္တုပြားနဲ့ ပတ်ထားမယ်ဆိုရင် ကော်ဖီကို နွေးနွေးလေးဖြစ်နေစေပါတယ်။

၅ ကတ်ကြေးအဟောင်းတွေ အသွားထက်ဖို့အတွက် အလူမီနီယံသတ္တုပြားကို အသုံးပြုလို့ရပါတယ်။

၆ သတ္တုပြားကို အလုံးလေးတွေဖြစ်အောင်လိပ်ပြီး အဝတ်အခြောက်ခံစက်ထဲကို ထည့်ထားလိုက်ပါ။ အလူမီနီယံသတ္တုလုံးတွေက အဝတ်အစားတွေကို မြန်မြန်ခြောက်သွေ့သွားအောင် ကူညီပေးပါတယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top