မလေးရှားပြည်သူတွေ ဆားသုံးစွဲမှု လျှော့ချဖို့ ဆားတိုက်ပွဲဆင်နွှဲမယ်လို့ ကျန်းမာရေးဝန်ကြီး ပြော

3.1.2025-yyl-3.jpg

မလေးရှားပြည်သူတွေကြား ဆားသုံးစွဲမှု လျှော့ချရေးရည်ရွယ်ပြီး ဆားတိုက်ပွဲ ဆင်နွှဲသွားမယ်လို့ မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး အာမတ်က ကြေညာခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ သက်တမ်းစေ့မနေရဘဲ သေဆုံးမှုတွေမှာ နာတာရှည်ရောဂါ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

” ဆားသုံးစွဲမှု လျှော့ချရေးလှုပ်ရှားမှုအတွက် ၁ ရန်းဂစ် အသုံးပြုတာဟာ ကျန်းမာရေးကဏ္ဍ အသုံးစရိတ် ၆၀ ရန်းဂစ်လောက်အထိ သက်သာစေနိုင်တယ်ဆိုတော့ ထိုက်သင့်တဲ့ရင်းနှီးမြှုပ်နှံမှုပါပဲ။ လောလောဆယ်တော့ အစီအစဉ်ရေးဆွဲတုန်းပဲ ရှိပါသေးတယ်။ ဆားသုံးစွဲမှု လျှော့ချရေးကို ဘယ်နည်းဘယ်ပုံ ဆောင်ရွက်ရမလဲဆိုတာကို အာဟာရနဲ့ ပြည်သူ့ကျန်းမာရေးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာပါ”လို့ အာမတ်က ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ နှစ်စဉ်နှစ်တိုင်း စားသောက်နေထိုင်မှုကြောင့် သေဆုံးသူ ၁.၈၉ သန်းရှိတဲ့အနက် အများစုဟာ ဆားသုံးစွဲမှု လွန်ကဲခြင်းနဲ့ ဆက်နွှယ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဆားသုံးစွဲမှု လေဆာ့ချတာဟာ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေးအတွက် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းတစ်ရပ် ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Ref: Not just sugar and tobacco: Health Ministry set to declare ‘war on salt’ next
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top