Huawei စမတ်ဖုန်းတွေမှာ Facebook ရဲ့ App တွေ ကြိုတင်ထည့်သွင်းခွင့်မရှိတော့

facebook-huawei-2.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာပိတ်ပင်တားမြစ်မှုနဲ့ Google ရဲ့ပိတ်ပင်မှုတွေရင်ဆိုင်နေရတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Huawei ဟာ နောက်ထပ် အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုရဲ့ပိတ်ပင်မှုကိုပါ ထပ်မံရင်ဆိုင်ရပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အဲဒီနည်းပညာကုမ္ပဏီကြီးကတော့ နာမည်ကျော် Facebook ဖြစ်ပါတယ်။ Huawei ဖုန်းသုံးစွဲသူတွေအနေနဲ့ Whatsapp, Instagram နဲ့ Facebook App တွေကို ဒေါင်းလုဒ်ယူသုံးစွဲလို့တော့ရနိုင်သေးပြီး Play store ကနေတစ်ဆင့် အဆင့်မြှင့်တင်မှုတွေဆက်လုပ်နိုင်ဦးမှာဖြစ်ပေမဲ့ ဖုန်းတွေထဲမှာ Facebook App ကို တခြားapp တွေလို ကြိုတင်ထည့်သွင်းတာမျိုး လုပ်နိုင်တော့မှာမဟုတ်ပါဘူး။

Huawei ဖုန်းတွေဟာ Google ရဲ့ယာယီလိုင်စင်ကြောင့် လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်နိုင်နေဆဲဖြစ်ပြီး ဈေးကွက်ထဲရောက်ရှိပြီးတဲ့ Huawei ဖုန်းမှန်သမျှမှာလည်း Google ရဲ့ Services တွေကို ကြိုတင်ထည့်သွင်းလို့ရနေဆဲပါ။ လက်ရှိမှာ Huawei ကို ပိတ်ပင်လိုက်တဲ့ Facebook အနေနဲ့ကတော့ စက်ရုံမှာရှိနေဆဲဖုန်းတွေမှာပါ ကြိုတင်ထည့်သွင်းခွင့် လုံးဝမပေးတော့တာဖြစ်ပါတယ်။

Huawei အတွက် ဒီအဖြစ်ဟာ Google ဆီက Android Services တွေရပ်ဆိုင်းခံရမှုနဲ့ ARM ဆီက အသုံးပြုခွင့်ရပ်ဆိုင်းခံရမှုတွေလောက်တော့ အထိမနာသွားစေပါဘူး။ ဒါပေမဲ့လည်း Huawei အနေနဲ့ Facebook ရဲ့အခုလိုပိတ်ပင်လိုက်မှုကြောင့် App Store တစ်ခုသာသုံးရတော့မယ့်အမာခံသုံးစွဲသူတွေအတွက် အရေးပါတဲ့ Third-party App တွေသုံးလို့ရအောင် အသည်းအသန်ဖန်တီးပေးရမေယ့်အနေအထားကို ရောက်သွားခဲ့ပါတယ်။။

Ref: The Verge “Facebook is stopping Huawei from pre-installing its apps”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top