ရန်ပုံငွေရှာနိုင်ဖို့အတွက် ပြေးစက်ပေါ်မှာ မာရသွန်ပြေးခဲ့တဲ့ ခရစ်ယာန်သီလရှင်

26-8-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အခုနှစ် Chicago Marathon အပြေးပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီလိုဖျက်သိမ်းလိုက်ရတဲ့အတွက် ချီကာဂိုမြို့က ခရစ်ယာန်သီလရှင်တစ်ဦးဟာ တနင်္ဂနွေနေ့က ပြေးစက်နဲ့ မာရသွန်ပြေးခဲ့ရပါတယ်။ ခရစ်ယာန်သီလရှင် စတီဖန်နီ ဘာလီဂါ (Stephanie) က ချီကာဂိုမြို့က လိုအပ်နေတဲ့သူတွေကို အစားအစာထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်း၊ စောင့်ရှောက်ရေးဂေဟာ the Mission of Our Lady of Angels အတွက် လွန်ခဲ့တဲ့ (၉) နှစ်ကတည်းက Chicago Marathon မှာ ပြေးရင်းနဲ့ ရန်ပုံငွေရှာပေးနေတဲ့သူဖြစ်ပါတယ်။

အောက်တိုဘာလမှာ ပြုလုပ်မယ့် မာရသွန်အပြေးပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ခြိမ်းခြောက်နေတဲ့အခါမှာ အပြေးပြိုင်ပွဲကို ဖျက်သိမ်းမယ်ဆိုရင် ရန်ပုံငွေ ဒေါ်လာ ၈၀,၀၀၀ ရဖို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ပြေးစက်ပေါ်မှာ ၂၆.၂ မိုင် ပြေးနေမှာဖြစ်တယ်လို့ ဘာလီဂါက ကတိဂဝတ်ပြုခဲ့ပါတယ်။ သူ ကတိဂဝတ်ပြုပြီး (၂) လအကြာမှာ မာရသွန်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာ နိုင်ငံတစ်ဝှမ်းက လူတွေ Livestream မှာ ကြည့်နေရင်းနဲ့ ဘာလီဂါက ပြေးစက်ပေါ်မှာ မာရသွန်ပြေးခဲ့ပါတယ်။ ဘာလီဂါကို အမျိုးသမီးမာရသွန်အကျော်အမော် ဒီနာ ကက်စ်တာ (Deena Kastor) အပါအဝင် အနုပညာရှင်တွေက အားပေးခဲ့ကြပါတယ်။

ဘာလီဂါက (၃) နာရီနဲ့ (၃၃) မိနစ်မှာ မာရသွန်ကို ပြီးမြောက်ခဲ့ပြီး သူ့ရဲ့အောင်မြင်မှုအတွက် ဒေါ်လာ (၉၄,၀၀၀) ကျော် ရရှိခဲ့ပါတယ်။ ဘာလီဂါက ဒေါ်လာ ၉သောင်းကျော်ရရှိခဲ့တဲ့အပြင် ကမ္ဘာ့စံချိန်မှတ်တမ်းကိုလည်း ကိုင်ဆောင်တဲ့သူဖြစ်လာနိုင်ပါတယ်။ သူက မာရသွန်မှာပြေးခဲ့တဲ့ အချိန်ကို Guinness World Records ကို တင်ပြဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ပြေးစက်ပေါ် ပြေးခဲ့တဲ့ အလျင်မြန်ဆုံး မာရသွန်ပြေးနိုင်တဲ့မှတ်တမ်းကို ကိုင်ဆောင်ထားတဲ့သူမရှိသေးပါဘူး။ Guinness ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဘာလီဂါရဲ့လျှောက်လွှာကို သူတို့လက်ခံရရှိခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Ref: ABCNews “This nun ran the canceled Chicago Marathon on a treadmill to benefit a food pantry”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top