ကမ္ဘာ့အရှည်ဆုံး လူလုပ် ပင်လယ်ကူးတံတား ပင်မဆောက်လုပ်မှုအပိုင်း ပြီးစီး

26195437_1722815261082720_4141365588635428113_n-1.jpg

လူသားတွေကိုယ်တိုင် တည်ဆောက်တဲ့ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား ဆောက်လုပ်မှုအတွက် ပင်မဆောက်လုပ်မှု အပိုင်းကတော့ သတ်မှတ်ထားတဲ့အတိုင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြီးစီးသွားခဲ့ပါပြီ။

ဟောင်ကောင်-ကျူးဟိုင်-မက္ကာအိုကို ဆက်သွယ်ပေးထားပြီး ၅၅ ကီလိုမီတာ ရှည်လျားတဲ့ တံတားကို တည်ဆောက်ဖို့ ပြင်ဆင်ချိန် ၆ နှစ်၊ ဆောက်လုပ်ချိန် ၈ နှစ် ကြာမြင့်ခဲ့ပါတယ်။ ပင်မဆောက်လုပ်မှု အပိုင်းမှာ ၂၂.၉ ကီလိုမီတာ ရှည်လျားတဲ့ ပင်မတံတား၊ ၆.၇ ကီလိုမီတာ ရှည်လျားတဲ့ ရေအောက် ဥမင်လိုဏ်ခေါင်းနဲ့ စီမံကိန်း တစ်ခုလုံးမှာ နည်းပညာ လိုအပ်ချက် အများဆုံးဖြစ်တဲ့ ကျွန်းတု တည်ဆောက်ရေး လုပ်ငန်းတွေ ပါဝင်ပါတယ်။

Y ပုံစံရှိတဲ့ ဒီတံတားကြောင့် ၃ နာရီကြာမြင့်တဲ့ ဟောင်ကောင်-ကျူးဟိုင် ခရီးစဉ်က နာရီဝက်ပဲ ကြာမြင့်တော့မှာဖြစ်ပါတယ်။ ကားလမ်း၊ ရထားလမ်းနဲ့ ဆိပ်ကမ်း တိုးချဲ့မှုကြောင့် အခုဆိုရင် ကွမ်တုံ၊ ဟောင်ကောင်၊ မက္ကာအို ဒေသသုံးခု တည်ရှိတဲ့ Greater Bay ဒေသက လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့သွားပြီး အနာဂတ်ကာလမှာ အဲဒီနေရာ ၃ နေရာကို တစ်နာရီနဲ့ အရောက်သွားနိုင်တော့မှာပါ။

Ref: CCTV

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top