ကမ္ဘာ့ပထမဆုံး ကန်ဒေါ်လာ ၅ထရီလျံတန်ကြေးရှိကုမ္ပဏီဖြစ်လာတဲ့ Nvidia

ai.jpg

အမေရိကန်နည်းပညာကုမ္ပဏီ Nvidia ဟာ ကမ္ဘာ့ပထမဆုံးအမေရိကန်ဒေါ်လာ၅ ထရီလျံတန်ကြေးရှိကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့  ၃ လလောက်က Silicon Valley ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Nvidia က အမေရိကန်ဒေါ်လာ ၄ ထရီလီယံ ဈေးကွက်တန်ဖိုးအတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ 

Nvidia ရဲ့တန်ဖိုးက အိန္ဒိယ၊ ဂျပန်နဲ့ ဗြိတိန်တို့ရဲ့ GDP ထက် ပိုများပြားပြီး ချစ်ပ်လုပ်ငန်းနယ်ပယ်က ပြိုင်ဘက်ကုမ္ပဏီတွေကို ကျော်လွန်သွားခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က အမေရိကန်စတော့ဈေးကွက်တွေ ဖွင့်လှစ်ပြီး မကြာခင်မှာပဲ Nvidia က အမေရိကန်ဒေါ်လာ ၅.၀၅ ထရီလျံ ထိရောက်ရှိသွားခဲ့ပါတယ်။ Nvidia ရဲ့ တိုးတက်မှုနဲ့အတူ အမေရိကန်စတော့ဈေးကွက်ဟာ မကြာသေးခင်က စံချိန်တင်အမြင့်ဆုံးအဆင့်ရောက်ရှိခဲ့ပါတယ်။ 

Nvidia ရဲ့ချစ်ပ်တွေဟာ ဉာဏ်ရည်တုထုတ်ကုန်တွေနဲ့ ဆော့ဖ်ဝဲတွေကို အားဖြည့်ရာမှာ အဆန်းသစ်ဆုံးအဖြစ် မြင်ကြပါတယ်။ ဉာဏ်ရည်တုမှာ ရင်းနှီးမြှုပ်နှံမှုတွေ များပြားလွန်းတာကြောင့် ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက ကုမ္ပဏီရဲ့စတော့ဈေးနှုန်းတွေ အလျင်အမြန်မြင့်တက်လာခဲ့တာပါ။ 

Nvidia ရဲ့သမိုင်းဝင်စတော့ဈေးကွက်အောင်မြင်မှုမတိုင်ခင်တစ်ရက်အလို အောက်တိုဘာ ၂၈ ရက်နေ့က ချစ်ပ်မှာယူမှုက ကန်ဒေါ်လာ ၅၀၀ ဘီလျံရှိတယ်လို့ Nvidiaရဲ့စီအီးအို Jensen Huang က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Nvidia ရဲ့ချစ်ပ်အကြောင်း တရုတ်သမ္မတနဲ့ ပြောဆိုမယ်လို့ အမေရိကန်သမ္မတထရန့်ကလည်း ပြောခဲ့ပါတယ်။ Nvidia ရဲ့ Blackwell ချစ်ပ်ရဲ့စွမ်းဆောင်ရည်နည်းပါးတဲ့ဗာရှင်းကို တရုတ်နိုင်ငံကို ရောင်းချခွင့်ပြုနိုင်တယ်လို့ သမ္မတထရန့်က အကြံပြုခဲ့ပါတယ်။ ဒါဟာ Nvidia ရဲ့ရှယ်ယာတွေကို မြင့်တက်စေနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်ကုန် ဘဏ္ဍာရေးအစီရင်ခံစာမှာ သမ္မတထရန့်ဟာ Nvidia ရှယ်ယာရဲ့ အမေရိကန်ဒေါ်လာ ၁.၃ သန်းအထိ ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပါတယ်။ 

Ref: Nvidia becomes world’s 1st US$5 trillion company

WL ( ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top