ဂေဟစနစ်မှာ အရေးပါတဲ့ ပုစဉ်းတွေရဲ့ အခန်းကဏ္ဍ

mosquito.jpg

သဘာဝအတိုင်း အပြန်အလှန် ထိန်းကျောင်းပေးနေတဲ့ ဂေဟစနစ်မှာ ပုစဉ်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ပုစဉ်းတွေဟာ နေ့စဉ်နေ့တိုင်း ခြင်အကောင်ရေ တစ်ရာကျော် ဖမ်းယူစားသောက်နိုင်စွမ်းရှိပါတယ်။

တကယ်လို့ လူတွေကသာ ပုစဉ်းတွေကို ဖမ်းယူသတ်ဖြတ်မယ်ဆိုရင် ဂေဟစနစ်ရဲ့ဟန်ချက်ပျက်ပြီး တန်ပြန်ဆိုးကျိုးတွေ သက်ရောက်လာမှာပါ။ ပုစဉ်းအကောင်ရေ လျှော့လာလေလေ ခြင်အကောင်ရေ တိုးပွားလာလေလေ ဖြစ်ပြီး ခြင်ကိုက်ခံရမှုကြောင့် ရောဂါကူးစက်မှုတွေ မြင့်တက်လာနိုင်ပါတယ်။

ဒီဖြစ်စဉ်ကတော့ သဘာဝအတိုင်း ထိန်းကျောင်းထားတဲ့ ဂေဟစနစ်မှာ သေးငယ်တဲ့ သတ္တဝါတစ်ကောင်ကအစ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း မီးမောင်းထိုးပြနေခြင်းပါပဲ။

Ref: Dragonflies: The Natural Mosquito Control Heroes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top