ကလေး ၁၉ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့ရတဲ့ ​ရော့ဘ်မူလတန်းကျောင်းကို ဖြိုဖျက်မယ်

23-6-2022-yyl02.jpg

တက္ကဆပ်ပြည်နယ်၊ယူဗယ်ဒီမြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကလေး ၁၉ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ရတဲ့ မူလတန်းကျောင်းကို ​ဖြိုဖျက်ပစ်မှာဖြစ်ပါတယ်။အင်္ဂါနေ့က ယူဗယ်ဒီမြို့မှာပြုလုပ်တဲ့ ကောင်စီအစည်းအဝေးတစ်ခုမှာ မြို့တော်ဝန် ဒွန် မက်လာဂျ်လင်က ပြောခဲ့တာပါ။ ရော့ဘ်မူလတန်းကျောင်းကို လုံးဝဖြိုဖျက်ပြီး ကျောင်းသား/သူ ၆၀၀ နီးပါးအတွက် ကျောင်းအသစ်ဆောက်လုပ်မှာဖြစ်ပါတယ်။

“ကျွန်တော် ကျောင်းခရိုင်ကြီးကြပ်ရေးမှူးနဲ့ ဆွေးနွေးခဲ့တာက ကျောင်းကို ဖြိုဖျက်ပစ်မယ်။ အဲဒီကျောင်းကို ကလေးတစ်ယောက် (ဒါမှမဟုတ်) ဆရာမတစ်ယောက်ကို ပြန်သွားဖို့ ဘယ်တော့မှ တောင်းဆိုလို့ရမှာမဟုတ်ဘူး”လို့ မြို့တော်ဝန်က ပြောပါတယ်။

ဘယ်တော့ ဖြိုဖျက်ပစ်မယ်ဆိုတာကိုတော့ ဒွန် မက်လာဂျ်လင်က မပြောခဲ့ပါဘူး။
၂၀၁၂ ခုနှစ်က ကွန်နက်တီကတ်ပြည်နယ်မှာ လူ ၂၆ ဦးသေဆုံးခဲ့ရတဲ့ ဆန်ဒီဝုခ်မူလတန်းကျောင်းကိုလည်း ဖြိုဖျက်ခဲ့ပြီး အဲဒီနေရာမှာ ကျောင်းအသစ် ပြန်ဆောက်လုပ်ခဲ့ပါတယ်။

Ref: TheGuardian “Texas shooting: school in Uvalde where 21 were killed will be demolished, says mayor”

NZ (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top