မျက်လုံးအရမ်းပွတ်ခြင်းအန္တရာယ်

yyl-002-10.jpg

ဖုန်းစကရင် (ဒါမှမဟုတ်) တီဗီစကရင်တွေကို အချိန်အကြာကြီးကြည့်ပြီးတဲ့နောက်မှာ မျက်လုံးပွတ်တာက မျက်လုံးညောင်တာကို ယာယီသက်သာမှုပေးနိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံးကို မကြာခဏပွတ်တာ၊ အရမ်းပွတ်တာတွေက လက်ရှိမျက်လုံးအခြေအနေကို ဆိုးရွားစေတဲ့မျက်စိရောဂါကို ဖြစ်စေနိုင်သလို မျက်စိရောဂါပိုးဝင်ခြင်းတွေလည်းဖြစ်လာနိုင်ခြေရှိပါတယ်။

မျက်လုံးပွတ်ခြင်းအန္တရာယ်

ကွန်ပျူတာအကြာကြီးအသုံးပြုပြီး မျက်လုံးယားယံတာတွေဖြစ်လာရင် ကျွန်တော်တို့ရဲ့မျက်လုံးကို ပွတ်မိကြပါတယ်။ မျက်လုံးပွတ်တာက ကုသနည်းပါပဲ။ နှလုံးခုန်ခြင်းကို နှေးကွေးသွားစေနိုင်တဲ့၊ စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ လည်ပင်းနောက်ဘက်ပိုင်းမှာရှိတဲ့ vagus nerve ကို လှုပ်ဆော်ပေးတဲ့အတွက်ကြောင့်ပါပဲ။ ဒါပေမဲ့ မျက်လုံးကို အရမ်းပွတ်တာ၊ မကြာခဏပွတ်တာတွေက မျက်လုံးကို ထိခိုက်စေနိုင်ပြီး မျက်လုံးထဲကို ရောဂါပိုးတွေဝင်ရောက်လာနိုင်ပါတယ်။ မျက်လုံးအရမ်းပွတ်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

ပြင်းထန်တဲ့မျက်စိရောဂါဖြစ်နိုင်ခြေများခြင်း

မျက်လုံးကို မကြာခဏပွတ်မယ်ဆိုရင် မျက်ကြည်လွှာကို အားနည်းသွားစေနိုင်ပြီး မျက်လုံးမှုန်ဝါးတာတွေဖြစ်လာနိုင်ပါတယ်။ မျက်ကြည်လွှာတစ်ရှုးတွေကို အဆက်မပြတ်ပွတ်တာက တစ်ရှုးတွေကို ပါးသွားစေပြီး ကတော့ချွန်ပုံစုံပိုပြီးဖြစ်လာနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်ထိခိုက်မယ်ဆိုရင် မျက်ကြည်လွှာအစားထိုးတာတွေဖြစ်လာနိုင်ပါတယ်။

မျက်ကြည်လွှာကို ပွန်းပဲ့သွားနိုင်ခြင်း

မျက်ရစ်နဲ့ မျက်လုံးထဲဝင်တဲ့ ဖုန်မှုန့်တွေက နီးမြန်းယားယံခြင်းတွေဖြစ်လာနိုင်တာကြောင့် မျက်လုံးကို ပွတ်မိကြပါတယ်။ ဒါက အခြေအနေကို ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။ သင့်ရဲ့မျက်ကြည်လွှာကို ပွန်းပဲ့သွားစေနိုင်ပြီး (၁) ရက် (သို့) (၂) ရက်လောက် ကုသရပါတယ်။ ဒါပေမဲ့ သေသေချာမကုသရင် မျက်လုံးမှာ အနာဖြစ်လာနိုင်ပါတယ်။ မျက်လုံးယားယံလာရင် သင့်မျက်လုံးကို သန့်စင်ဖို့အတွက် ရေ (သို့) ဆားရည်ကို အသုံးပြုပေးသင့်ပါတယ်။

မျက်လုံးမှာ ရေတိမ်ဖြစ်လာခြင်း

မျက်စိအားနည်းတဲ့သူဆိုရင် မျက်လုံးပွတ်တာက ပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။ မျက်လုံးရေတိမ်ဖြစ်တာက မျက်လုံးအတွင်းမှာ ဖိအားများလာတာကြောင့်ဖြစ်လာရတာပါ။ ဒီဖိအားက အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်လာနိုင်တဲ့ မျက်စိအာရုံကြောပျက်စီးခြင်းအပါအဝင် ပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ မျက်စိရေတိမ်ဖြစ်နေလို့ ဆေးသောက်နေရတဲ့သူတွေက မျက်လုံးကိုမပွတ်ဖို့ အကြုံပြုချင်ပါတယ်။

အနီးမှုန်ခြင်းကို ပိုပြီးဆိုးရွားလာခြင်း

အနီးမှုန်တဲ့သူတွေက မျက်လုံးပွတ်လိုက်တာနဲ့ သူတို့ရဲ့အခြေအနေကို ဆိုးရွားလာစေနိုင်ပါတယ်။ ဒီလိုအခြေအနေကို လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်တည်းက လူတော်တော်များများဖြစ်ခဲ့တာပါ။ အမြင်အာရုံအားနည်းတဲ့သူတွေက မျက်လုံးကိုအရမ်းပွတ်ရင် ပိုပြီးဆိုးရွားလာနိုင်ပါတယ်။

မျက်လုံးထဲ ရောဂါပိုးမွှားဝင်ရောက်လာနိုင်ခြေပိုများလာခြင်း

သင့်လက်ကို မကြာခဏ သန့်စင်ဆေးကြောရင်တောင် ရောဂါပိုးမွှားထောင်ပေါင်းများစွာရှိနေတုန်းပါပဲ။ ညစ်ပတ်တဲ့လက်နဲ့ မျက်လုံးကိုထိလိုက်တာက ပိုးမွှားတွေကို သင့်မျက်လုံးထဲကို ရောက်သွားစေပြီး မျက်လုံးကို နီမြန်းသွားစေပါတယ်။

Ref: Things that can happen if you rub your eyes too much

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top