ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

18-9-2020-yyl-003.jpg

ဖန်ခါးသီး နာမည်အတိုင်း ဖန်လည်းဖန်တယ် ခါးလည်းခါးပါတယ်။ ဒါပေမယ့် အနံကတော့ မွှေးပါတယ်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို အတို့အမြှုပ် အဖြစ် စားကြသလို ကြက်သွန်ဖြူ ဆား မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားလေ့ရှိကြပါတယ်။

ဒီလို ဖန်ခါးခါးနဲ့ အနံ့မွှေးတဲ့ တို့စရာ ဖန်ခါးသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။

ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်ပုံ

ဖန်ခါးသီးက နာမည်နဲ့လိုက်အောင် ဖန်ခါးပေမယ့် အတန်အသင့် စားရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ခံတွင်း ကျန်းမာစေတယ်

၂၀၁၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် သွားတွေ ခိုင်မာပြီး ခံတွင်းပြဿနာ ကင်းစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရပါတယ်။

နာကျင်မှုကို သက်သာစေတယ်

ဖန်ခါးသီး စားပေးတာက ခန္ဓာကိုယ်က နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ အရိုးအဆစ် နာကျင်တာ၊ ကြွက်သားနာကျင်တာနဲ့ အမျိုးမျိုးသော နာကျင်မှုတွေကို သက်သာစေဖို့ ဖန်ခါးသီးကို စားပေးလို့ ရသလို ဖန်ခါးသီး အဆီအနှစ်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

သွေးတွင်းကိုလက်စထရော ထိန်းညှိပေးတယ်

၂၀၁၀ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဖန်ခါးသီးက သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။ သွေးတွင်း ကိုလက်စထရော ထိန်းညှိပေးတာက နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဓာတ်တိုး ပစ္စည်းတွေ ဖယ်ရှားပေးတယ်
ဖန်ခါးသီးမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့

Glutathione
Superoxide dismutase
ဗီတာမင် C
ဗီတာမင် E တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခံအားကစလို့ နာတာရှည်ရောဂါတွေ မဖြစ်စေဖို့အထိ အကောင်းဆုံး ကာကွယ်ထောက်ပံ့ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ဖန်ခါးသီးက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကို ဆီးချို ရှိသူတွေ စားပေးလို့ ရသလို ဆီးချို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ ရပါတယ်။ တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ…..
ဖန်ခါးသီးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်

ကိုယ်ဝန်ဆောင်တွေ
နို့တိုက်မိခင်တွေ
ဆီးချို ရှိသူတွေ (အများကြီး မစားသင့်ပါ)
ခွဲစိတ်ကုသမှု ခံယူမယ့် သူတွေ (မခွဲစိတ်ခင် ၂ ပတ်အလိုကတည်းက မစားသင့်ပါဘူး။) မစားသင့်ပါဘူး။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top