ရန်ကုန်နိုင်ငံတကာမော်တော်ယာဉ်ပြပွဲတွင် ဆူဇူကီးကုမ္ပဏီက Ertiga Upgraded မော်ဒယ်ကားများ ခင်းကျင်းပြသ

group-scaled.jpg

ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၃ ရက်အထိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပနေသည့် ရန်ကုန်နိုင်ငံတကာမော်တော်ယာဉ်ပြပွဲတွင် ဆူဇူကီးကုမ္ပဏီက Ertiga Upgraded မော်ဒယ်ကားသုံးစီး၊ ဆူဇူကီး၏နာမည်ကြီးမော်ဒယ်တစ်ခုဖြစ်သည့် Swift GLX ကို Suzuki Genuine Accessories များ အလှဆင်ထားသည့် တစ်စီးနှင့် အလှမဆင်ထားသည့် ပုံမှန်ကားတစ်စီး ထည့်သွင်းပြသခဲ့သည်။

လုပ်ဆောင်မှုအသစ် ၄ခုပါဝင်သည့် Ertiga Upgraded Model ကို ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဆူဇူကီးမှမိတ်ဆက်ခဲ့သည်။ အဆိုပါလုပ်ဆောင်မှုများမှာ- Automatic လေအေးပေးစက်စနစ်၊ Touch panelကိုဖုန်းဖြင့်ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည့် အပြင် Android Autoနှင့် Apple Car Play များနှင့်ချိတ်ဆက်နိုင်ခြင်းနှင့် GPSစနစ်ပါ ထည့်သွင်းထားခြင်း။ကားအနောက်ခန်းတွင် လက်တင်တန်းပါဝင်ခြင်းနှင့် ကားပါကင် ထိုးရာတွင်ပိုမိုအန္တရာယ်ကင်းရှင်းပြီး လွယ်ကူစေရန်အတွက် နောက်ကြည့် ကင်မရာ တို့ပါဝင်သည်။

ယခု Ertiga upgraded model ကို Brave Khaki Pearl, Snow White Pearl, Cool Black Pearl Metallic နှင့် Magma Grey Metallic စသည့် အရောင်လေးရောင်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ဈေးနှုန်းမှာ မြန်မာကျပ်ငွေ ၂၉၅ သိန်း သတ်မှတ်ထားသည်။ ဝယ်ယူသုံးစွဲလိုသူများအနေနှင့် ဆူဇူကီးကားသစ်များကိုတရားဝင်အရောင်းကိုယ်လှယ် များဆီမှတဆင့် အရစ်ကျငွေပေးချေမှုပုံစံများဖြစ်သော AYAဘဏ်၏ “AYA Super Suzuki Finance”နှင့် CBဘဏ်၏ “CB-Suzuki Easy Finance” တို့မှ ပေးချေနိုင်မည် ဖြစ်သည်။

ဆူဇူကီး၏ထုတ်ဖော်ပြောကြားချက်အရ ၂၀၁၉ခုနှစ် ဧပြီလမှ ၂၀၂၀ခုနှစ် ဇန်နဝါရီလအတွင်း ၇ယောက်စီး MPV Ertiga တတိယမျိုးဆက်မော်ဒယ်အစီးပေါင်း ၄,၂၆၄ စီး ရောင်းချခဲ့ရကြောင်းသိရသည်။ ထို့အပြင် “Smash 2020” မော်ဒယ်မော်တော်ဆိုင်ကယ်အသစ်ကိုလည်း မော်တော်ယာဉ် အရောင်းပြပွဲတွင်ထည့်သွင်းပြသွားမည်ဖြစ်သည်။ ကုမ္ပဏီအနေနှင့်မော်တော်ဆိုင်ကယ်လုပ်ငန်းကို ယခင်နှစ်က မြန်မာဈေးကွက်နှင့်စတင်မိတ်ဆက်ပေးခဲ့သည်။

TEAM (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top