အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမားမြို့မှာရှိတဲ့ မြောင်းဖုံးတွေရဲ့ ထူးခြားချက်ကတော့ မြို့ပြမြေပုံနဲ့ လက်ရှိတည်နေရာကို ပုံဖော်ရေးဆွဲပေးထားတာပါပဲ။ ဒါဟာ အုတ်ကလာဟိုးမားမြို့ကို အလည်လာသူတွေ၊ လမ်းပျောက်နေသူတွေကို အထောက်အကူ ဖြစ်စေမယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
မြောင်းဖုံးပေါ်မှာ မြို့ပြမြေပုံ ရေးဆွဲထားပြီး လက်ရှိတည်နေရာကိုတော့ အဖြူရောင်အစက်လေးနဲ့ ပြသထားတာပါ။ ပုံမှန်အားဖြင့် မြောင်းဖုံးဆိုတာ ရေဆိုးစွန့်မြောင်းတွေ ပိတ်ဆို့နေတဲ့အခါ အမှိုက်ဆင်းဆယ်တာမျိုးလုပ်ဖို့၊ လူဆင်းနိုင်ဖို့ လုပ်ထားတာဖြစ်ပေမဲ့ စေတနာနဲ့ အမျှော်အမြင်ရှိစွာ ဖန်တီးမှုကြောင့် မူလရည်ရွယ်ချက်တင်မကဘဲ လမ်းမသိသူတွေကိုပါ အဆင်ပြေ လွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။
Ref: Oklahoma Manhole Covers have a city map on it with a white dot showing where in the city you are.
NZ ( ရိုးရာလေး)

