အိပ်ရာနိုးလာတာနဲ့ လွန်ခဲ့တဲ့ ၂၃ နှစ်က အကြောင်းအရာတွေကို မမှတ်မိဘဲ ခင်ပွန်းလောင်းကို ပြန်ပေးသမားလို့ထင်နေလေ့ရှိတဲ့ အမျိုးသမီး

28-6-2022-yyl01.jpg

ချလိုနဲ့သူ့ရဲ့ခင်ပွန်းလောင်း ဂျိမ်းစ်

အတိတ်မေ့ရောဂါရှိတဲ့ အမျိုးသမီးတစ်ဉီးဟာ နေ့တိုင်း အိပ်ရာက နိုးလာတာနဲ့ ဘာမှမမှတ်မိတော့ဘဲ ကိုယ့်ကိုယ်ကို (၆) နှစ်သမီးလေးလို့ပဲ ထင်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့ အမျိုးသမီးဆိုသူက အသက် ၂၉ နှစ်အရွယ် ချာလို ဘာနက်ဒ် ပါပဲ။ သူဟာ သူ့ဘဝရဲ့ ၂၃ နှစ်တာလုံးကို မေ့နေပြီး သူ့ရဲ့ခင်ပွန်းလောင်းကိုတောင် ပြန်ပေးသမားလို့ ထင်မှတ်နေတာပါ။ သူ့ခင်ပွန်းလောင်းက သူ ဘယ်သူဆိုတာကို သတိပေးနေရပါတယ်။

ချလိုက လေဖြန်းတာကနေ အစပြုတယ်လို့ ယူဆရတဲ့ ရှားပါးဦးနှောက်ရောဂါရှိတာပါ။ သူ့ရဲ့ရောဂါအခြေအနေတွေက ပြောင်းလဲနေတာပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို ဆယ်ကျော်သက်အရွယ်လို့ ထင်တယ်။ တစ်ခါတလေကျ အကုန်လုံးမှတ်မိပါတယ်။ တစ်ခါတလေ ချလိုက သူ့ခင်ပွန်းလောင်း အသက် ၃၉ နှစ်အရွယ် ဂျိမ်းစ်ကို ခွနဲ့ ခြိမ်းခြောက်ပေမဲ့ ဂျိမ်းစ်က ချလိုရဲ့မှတ်ဉာဏ်တွေ ပြန်မရမချင်း စိတ်ငြိမ်အောင်လုပ်ပြီး ပြောပြပေးရပါတယ်။

တစ်ညမှာ ချလို အိပ်နေတုန်း တစ်စုံတစ်ခုကြောင့် နိုးလာခဲ့တယ်။ အောက်ထပ်ကို ဆင်းသွားတော့ သူ့အိမ်ကို မမှတ်မိပေမဲ့ သူ့အိမ်ဖြစ်နိုင်တယ်လို့တော့ တွေးမိခဲ့ပါတယ်။ သူကိုယ့်ကိုယ်ကိုတော့ (၆) နှစ်အရွယ်လို့ ထင်ခဲ့တယ်။ အောက်ထပ်မှာ ဆိုဖာပေါ် ထိုင်နေတဲ့ သူ့ခင်ပွန်းလောင်းနဲ့ ခွေးတစ်ကောင်ကို မြင်တော့ “ဘယ်သူလဲ”၊ “ဒီခွေးက ဘယ်သူလဲ”၊ “မေမေနဲ့ ဖေဖေကို လိုချင်တယ်”လို့ ပြောခဲ့တယ်။

အိပ်ရာနိုးလာတဲ့အခါ ၂၃ နှစ်က အကြောင်းအရာတွေကို မေ့နေတတ်တဲ့ ချလို

သူ့ခင်ပွန်းလောင်းကို ပြန်ပေးသမားမှတ်ပြီးတော့ ရဲစခန်းကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဂျိမ်းစ်က ဖုန်းကို ဆွဲယူလိုက်တယ်။ ချလိုက သူ့ကို ထိမှာဆိုးလို့ ခွကောက်ကိုင်ခဲ့တယ်။ သူ့အနားကပ်လာရင် ဒါနဲ့ရိုက်မယ်၊ မေမေနဲ့ ဖေဖေကို လိုချင်တယ်လို့ ပြောခဲ့တယ်။ ဂျိမ်းစ်က သူ့ကို စိတ်ငြိမ်အောင်လုပ်ပြီး မင်းရဲ့မေမေနဲ့ ဖေဖေကို သိတယ်လို့ ပြောခဲ့ရတယ်။ ပြီးတော့ သူတို့ကို ခေါ်ပေးခဲ့တယ်။ သူ့အဖေနဲ့အမေက သူ့ကို ရှင်းပြရပြန်တယ်။ နောက်နေ့မနက် အိပ်ရာနိုးလာတော့ ကောင်းသွားတယ်။

ဒါပေမဲ့ နောက်တစ်ခါ အိပ်ရာနိုးလာတော့ ချလိုက အသက် ၁၆ နှစ်အရွယ်လို့ ထင်ခဲ့တယ်။ ဂျိမ်းစ်ကို မမှတ်မိဘဲ ဘယ်သူလဲလို့ မေးပြန်တယ်။ သူ့မိဘတွေကို ဖုန်းဆက်ခေါ်ပေးရတယ်။ သူ့အမေက သူ့ကို ဂျိမ်းစ်နဲ့ အချင်းချင်းကြိုက်နေကြတာ၊ စေ့စပ်ထားကြတယ်လို့ ပြောပြပေးရတယ်။

နောက်တစ်ခါကျ အိပ်ရာနိုးလာတော့ ချလိုက ဂျိမ်းစ်နဲ့ သိခဲ့တာ (၁) နှစ်ရှိပြီးဖြစ်တဲ့ အသက် ၁၉ နှစ်လို့ ထင်ပြန်တယ်။ ကုန်တင်ယာဉ်မောင်းတဲ့ ဂျိမ်းစ်ကို ဘယ်သူဆိုတာ သိပေမဲ့ သစ်သိုလှောင်ရုံမှာ အလုပ်လုပ်တယ်လို့ ထင်ခဲ့ပါတယ်။ ပြန်အိပ်ပြိး နိုးလာတဲ့အခါ ကောင်းသွားပြန်ပါတယ်။

အတိတ်မေ့ပြီး ခင်ပွန်းလောင်းကို ပြန်ပေးသမားလို့ ထင်နေတတ်ပါတယ်

ချလိုက (၂) လကို တစ်ကြိမ်လောက်တော့ (၆) နှစ်ဖြစ်လိုက်၊ (၁၆) နှစ်ဖြစ်လိုက်၊ (၁၉) နှစ်ဖြစ်လိုက်ပါပဲ။ စိတ်ဖိစီးမှုနဲ့ အိပ်ရာမဝတာကြောင့် အခုလိုဖြစ်တယ်လို့ထင်ခဲ့ပေမဲ့ ဆေးပညာရှင်တွေက ချလို အသက် ၁၉ နှစ်မှာ ဖြစ်ခဲ့တဲ့ လေဖြန်းတာနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ သံသယရှိပါတယ်။

ဒီဦးနှောက်ရောဂါကို ခံစားခဲ့တာက ဂျိမ်းစ်နဲ့ ဘားဆိုင်ကို သွားတဲ့အချိန် ၂၀၁၈ခုနှစ်မှာပါ။ ဂျိမ်းစ်နဲ့ ချစ်သူသက်တမ်း (၅) နှစ်ရှိပေမဲ့ ရုတ်တရက်ကြီး သူ့ခင်ပွန်းလောင်းကို မမှတ်မိနိုင်ခဲ့ဘူး။ ကား ဘယ်လိုမောင်းတာလဲမသိတော့ဘူး။ သူ့ရည်စားဟောင်းနဲ့တွဲနေတုန်းလိုပဲ ထင်ခဲ့တယ်။

ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုတွေက အတိတ်မေ့ရောဂါရဲ့ကြီးမားတဲ့အကြောင်းအရင်းဖြစ်တယ်လို့ ချလို ယုံကြည်ခဲ့တာကြောင့် အိပ်ရာဝဝအိပ်ဖို့နဲ့ တတ်နိုင်သလောက် စိတ်ကို တည်ငြိမ်အောင်ထားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာက ဖြစ်ပေါ်နေတုန်းပါပဲ။”လူတစ်ယောက်ရဲ့ဘဝတစ်သက်တာမှာ ပုံမှန်အားဖြင့် နှစ်ကြိမ်လောက်ဖြစ်တတ်တယ်လို့ အတိုင်ပင်ခံဆရာဝန်ကြီးက ပြောပေမဲ့ ကျွန်မကတော့ နှစ်လ တစ်ခါတိုင်း ဖြစ်နေပါတယ်။

ကျွန်မ ပိုအိပ်လေလေ နိုးထလာရင် အတိတ်ဖြစ်ရပ်တွေ မေ့လေလေပါပဲ။ ဒါဟာ လေဖြန်းတာနဲ့ ဆက်နွယ်မှုရှိလားမရှိလားဆိုတာကို ဆရာဝန်တွေလည်း မသေချာပါဘူး။ ဒါပေမဲ့ အဲဒါ ဖြစ်ပေါ်လာခဲ့တာ (၆) နှစ်နီးပါး ရှိခဲ့ပါတယ်။ ကျွန်မ ဒါကို ရင်ဆိုင်ရရုံပါပဲ။ ဂျိမ်းစ်က ဒါနဲ့ကျင့်သားရနေပေမဲ့ ဒါက သူ့ကို စိတ်ပူစေတယ်”လို့ ချလိုက ပြောပါတယ်။

Ref: TheMirror “‘I wake up every day with no memory of last 23 years – I think fiancé is kidnapper”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top