MPT၏ CSR E-Learning အစီအစဉ်ရှိ သင်တန်းများကို   လူငယ်များ စတင် လေ့လာနေပြီဖြစ်

9.8.23-yyl-16.jpg

သက်မွေးဝမ်းကြောင်းပညာရပ်များတွင်  အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် ရည်ရွယ်၍ ဆောင်ရွက်ထားသော CSR E-Learning အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သင်ယူလေ့လာလိုသူ လူငယ်များက သင်တန်းများ စတင်တက်ရောက်နေပြီဖြစ်ကြောင်း MPT က ထုတ်ပြန်လိုက်သည်။ နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သည့် ယခုအစီအစဥ်တွင် ကနဦး ခြေလှမ်းအဖြစ် မတူကွဲပြားသော နောက်ခံအခြေအနေများဖြင့်ရှိနေသူ လူငယ်များ၏ ပညာရေးခရီးလမ်းကို ကောင်းမွန်ပြည့်စုံလာစေရန်နှင့် ဒီဂျစ်တယ်ခေတ်တွင် ၎င်းတို့၏ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများအတွက်  မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှုတို့ကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။

CSR E-Learning အစီအစဥ်ရှိ သင်တန်းများတက်ရောက်ရန် နောက်ဆုံးအဆင့်အဖြစ် အိုင်တီနည်းပညာသင်တန်းအတွက် (၄၄၆) ဦး ၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းအတွက် (၁၁၃) ဦးနှင့် ဂျပန်စာသင်တန်းအတွက် (၃၇၆) ဦး စသည်ဖြင့် စုစုပေါင်း (၉၃၅) ဦး ရွေးချယ်ခဲ့ပြီး တက်ရောက်ခွင့်ရ သင်တန်းသား/သူများမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်မှစတင်၍ မိမိတို့သက်ဆိုင်ရာဝင်ခွင့်ရသင်တန်းအလိုက် စတင်ဝင်ရောက်ကာ သင်ယူလေ့လာနေပြီ ဖြစ်သည်။

အိုင်တီနည်းပညာ သင်တန်းအတွက် ကြာချိန် (၁) လခွဲ၊ အသက်မွေးဝမ်းကျောင်းသင်တန်းအတွက် ကြာချိန် (၁) လ နှင့် ဂျပန်စာ သင်တန်းအတွက်ကြာချိန် (၃) လ စသဖြင့် အသီးသီး လေ့လာမှုပြုနိုင်မည် ဖြစ်သည်။ သက်ဆိုင်ရာသင်တန်းအလိုက် တက်ရောက်လေ့လာမှု ပြီးစီးသွားသော သင်တန်းသားများအနေဖြင့် ကျွမ်းကျင်မှုကို အကဲဖြတ် စစ်ဆေးခြင်းပြုရန် လိုအပ်ပါသည်။ သို့ဖြစ်၍ အကဲဖြတ်မှုမှတစ်ဆင့် ရမှတ် (၉၀) ရာခိုင်နှုန်းနှင့်အထက် ရရှိသော သင်တန်းသား/သူ များအနေဖြင့်သာ သင်တန်းတက်ရောက်မှုပြီးစီးကြောင်း လက်မှတ်ကို ရရှိမည်ဖြစ်သည်။ အကဲဖြတ်စစ်ဆေးမှုကို ဖြေဆိုရာ၌ ဖြေဆိုခွင့် (၃) ကြိမ်တိတိ ရရှိနိုင်မည်ဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ပထမအကြိမ်တွင် ဖြေဆိုမှု မအောင်မြင်ပါကလည်း  စိုးရိမ်ရန်မလိုအပ်ပါ။

MPT CSR E-Learning အစီအစဥ်ကို မေလ (၃၁) ရက်က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ အဆိုပါအစီအစဥ် စတင်လည်ပတ်နေပြီဖြစ်ပြီး သင်တန်းသားများအနေဖြင့်လည်း စာရင်းသွင်းမှုပြုပြီး သင်ယူမှုများ ဆက်လက်လုပ်ဆောင်နေပြီဖြစ်သည်။ ယခုအစီအစဥ်သည် MPT သုံးစွဲသူများအတွက်သာ ရရှိနိုင်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန်အတွက် MPT ဆင်းမ်ကတ်နှင့် မိုဘိုင်းဖုန်းရှိရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ယခုလို စိတ်ချရသော အခွင့်အရေးကောင်းကို နိုင်ငံတစ်ဝန်းရှိ လူငယ်များအား အသုံးချရန် MPT က တိုက်တွန်းလိုပါသည်။

ဒုတိယအသုတ်အတွက် သင်တန်းတက်ရောက်လိုသူများအနေနှင့် အောက်ပါအဆင့်များအတိုင်း လျှောက်ထားနိုင်ပါသည်။

၁) CSR E-Learning ၏ မူလစာမျက်နှာသို့ ဝင်ပါ။ (https://csrelearning.mpt.com.mm)  

၂) စာရင်းသွင်းရန်အတွက် စာမျက်နှာကိုသွားပါ။ (https://shorturl.at/gnrLN)    

၃) ဂူးဂဲလ် (Google) ဖောင်တွင် အချက်အလက်များဖြည့်သွင်းပါ။

၄) ဖောင်ဖြည့်ပြီးနောက် တင်သွင်းပါ။

စစ်မှန်သောပြည်တွင်းအော်ပရေတာဖြစ်သည့် MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေပြီး ကျွမ်းကျင်မှုအရည်အသွေးများတိုးတက်စေရန် တည်ဆောက်ခြင်းသည် နိုင်ငံတော်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းအတွက် ပိုမိုအထောက်အပံ့ပြုနိုင်မည့် နည်းလမ်းကောင်းများကို စဥ်ဆက်မပြတ် ရှာဖွေလျက်ရှိပါသည်။ MPT အနေဖြင့် ကျွန်ုပ်တို့၏ CSR မိတ်ဖက်များဖြစ်သည့် KMD၊ Center for Vocational Training Ltd Gty နှင့် စိုးစံ ဂျပန်ဘာသာစကားသင်တန်းကျောင်းတို့မှ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးအထူးတင်ရှိပြီး မတူညီသော ကဏ္ဍများအတွက် ပံ့ပိုးကူညီပေးမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

MPT ၏ CSR E-Learning အစီအစဥ်နှင့် ပတ်သက်သည့် စာရင်းပေးသွင်းမှု နှင့် သင်တန်းအပ်နှံခြင်းများ ပါဝင်သည့် အသေးစိတ်အချက်အလက်ကို ပိုမိုသိရှိလိုပါက https://csrelearning.mpt.com.mm/userguide/faq.pdf ကတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပြီး [email protected] (သို့မဟုတ်) 098630050 သို့ ရုံးချိန်အတွင်းခေါ်ဆိုပြီး စုံစမ်းမေးမြန်း နိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top